“BIMSTEC ပင်လယ်ပြင်လုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းတွင် မြန်မာတပ်မတော်စစ်ရေယာဉ် ပါဝင်လေ့ကျင့်မည်”
30 Oct
အိန္ဒိယနိုင်ငံ Sri Vijaya Puram မှာ အောက်တိုဘာလ ၃၀ ရက်မှ နိုဝင်ဘာလ ၂ ရက်အထိ BIMSTEC ပင်လယ်ပြင်လုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းကို ၄ ရက်တိုင်ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံရုံးထံမှ သိရပါတယ်။ အဆိုပါလေ့ကျင့်ခန်းကို ပင်လယ်ပြင်စိန်ခေါ်မှုများအား ရင်ဆိုင်ဖြေရှင်းရာမှာ ပင်လယ်ပြင်ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ရန်ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရပါတယ်။ ၎င်းလေ့ကျင့်ခန်းကို BIMSTEC အဖွဲ့ဝင် နိုင်ငံများမှ ရေတပ်များနှင့်အတူ မြန်မာ့တပ်မတော်ရေမှ စစ်ရေယာဉ်အောင်ဇေယျ(F-11)လည်း ပါဝင်လေ့ကျင့်သွား မည်ဖြစ်ရာ အောက်တိုဘာ ၂၇ ရက်တွင် ရန်ကုန်မြို့မှထွက်ခွာသွားခဲ့ကြောင်း သိပါတယ်။ (NVS 008)
30 Oct