“ထားဝယ်မြို့မှာ ရွေ့လျားဆေးခန်းဖွင့်လှစ်ပြီး လူဦးရေ တစ်ထောင်နီးပါးကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့”

30 Oct

ထားဝယ်မြို့နယ်တွင် အောက်တိုဘာလ ၁၀ ရက်မှ ၁၅ ရက်အထိ ရွေ့လျားဆေးခန်းများကို ဖွင့်လှစ်ခဲ့ပြီး လူဦးရေ ၉၃၀ ဦးကို ပဏာမကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းက အသိပေး ထုတ်ပြန်ချက်အရ သိရပါတယ်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းက မိတ်ဖက်ကြက်ခြေနီအသင်းများ၏ ကူညီပံ့ပိုးမှုနဲ့ တနင်္သာရီတိုင်းဒေသကြီး မှာ အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ခံစားရသူများနှင့် ရေဘေးသင့်ဒေသခံပြည်သူများကို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများပေးလျက်ရှိပါတယ်။ ရွေ့လျားဆေးခန်းဖွင့်လှစ်ရာမှာ ဆေးရုံတက်ရောက်ရန် လိုအပ်တဲ့လူနာများကို ဆေးရုံများသို့ ညွှန်းပို့ခြင်း၊ ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးခြင်းတို့ကို ဆောင်ရွက် ခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါလူနာများအနက် ဆေးရုံတက်စရိတ်ထောက်ပံ့ရန် သတ်မှတ်ချက်နှင့်ကိုက်ညီသော လူနာ၄ ဦးကို တစ်ဦးလျှင် ကျပ် ၅ သိန်းစီ ထောက်ပံ့ ကူညီခဲ့ကြောင်း သိရပါတယ်။ (NVS 008)

30 Oct

ADVERTISE HERE .