“ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားခ နိုဝင်ဘာလ ၁ ရက်မှ စတင်ကောက်ခံမည်”
30 Oct
ရန်ကုန်မြို့တွင်းရှိ သတ်မှတ်ထားသော လမ်းမများနှင့် လမ်းကြားများ၌ ယာဉ်ရပ်နားခကောက်ခံခြင်း လုပ်ငန်းကို နိုဝင်ဘာလ ၁ ရက်မှ စတင်ဆောင်ရွက်မည်ဖြစ်ပြီး ယာဉ်ရပ်နားခ တစ်နာရီ ကျပ် ၅၀၀ သတ်မှတ်ထား ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေးထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါယာဉ်ရပ်နားခကို နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ကောက်ခံမည်ဖြစ်ပြီး ယာဉ်ရပ်နားချိန် အလိုက် သတ်မှတ်ထားတဲ့ နှုန်းထားများနဲ့ ကောက်ခံသွားမှာဖြစ်ပါတယ်။ ယာဉ်ရပ်နားခနှုန်းထားများမှာ ယာဉ်ရပ် နားချိန် တစ်နာရီ ရပ်နားပါက ကျပ် ၅၀၀ ၊ မိနစ် ၃၀ အတွင်း ကျော်လွန်ရပ်နားပါက ကျပ် ၃၀၀ ဖြစ်ပါတယ်။ ယာဉ်ရပ်နားခကောက်ခံမည့် နေရာများမှာ ကမ်းနားလမ်းမှ ဗိုလ်ချုပ်အောင်ဆန်းလမ်းကြားနှင့် ရာဇဓိရာဇ်လမ်းမှ အောင်ရတနာလမ်းကြားအတွင်းရှိ သတ်မှတ်နေရာများဖြစ်ပြီး ဇုန် ၈ ဇုန် ခွဲခြားကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် သတ်မှတ်နေရာများမှာ ယာဉ်ရပ်နားမည့်သူများအနေဖြင့် နိုဝင်ဘာလ ၁ ရက်မှစတင်၍ သတ်မှတ်ယာဉ်ရပ်နားခ နှုန်းထားများအတိုင်း ပေးဆောင်ရမှာဖြစ်ပါတယ်။ (NVS 008)