“ပက်ဒရို ရက်အနည်းငယ် နားရမည်ဟု အတည်ပြုခဲ့တဲ့ အလွန်ဆို”
29 Oct
ပေါင်ဒဏ်ရာရနေတဲ့ တိုက်စစ်မှူး ပက်ဒရို ဟာ ရက်အနည်းငယ် အနားယူရမှာဖြစ်ပြီး ပက်ဒရို ရဲ့ နေရာအတွက် ဖြေရှင်းဖို့ နည်းလမ်းရှာဖွေသွားရမှာဖြစ်တယ်လို့ ချဲလ်ဆီးနည်းပြ အလွန်ဆို က အတည်ပြု ပြောကြားခဲ့ပါတယ်။ ဘရာဇီးတိုက်စစ်မှူး ပက်ဒရို ဟာ ပြီးခဲ့တဲ့တစ်ပတ်က အသင်းလေ့ကျင့်ရေးမှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ စနေညက စပါးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ကို လွဲချော်ခဲ့ရပါတယ်။ ပက်ဒရို မပါဝင်နိုင်ချိန်မှာ ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်ကစားပုံ အားနည်းတတ်ပြီး အသင်းရဲ့ ပရီးမီးယားလိဂ်နောက်ဆုံးရှုံးပွဲ ၂ ပွဲစလုံးမှာလည်း ပက်ဒရို မပါဝင်ခဲ့တာကို တွေ့ရပါတယ်။ ချဲလ်ဆီးအသင်းဟာ လာမယ့်စနေညမှာ မန်ယူအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲ ကစားဖို့ ရှိနေပါတယ်။ ပက်ဒရို ဘယ်တော့ပြန်ကစားနိုင်မယ်ဆိုတာ အခြေအနေကို စောင့်ကြည့်ပြီးမှ ပြောနိုင်မှာဖြစ်ပြီး လတ်တလော အသင်းရဲ့ ပွဲစဉ်တွေမှာ ပါဝင်နိုင်ဦးမှာ မဟုတ်ဘူးလို့ နည်းပြ အလွန်ဆို က ပြောကြားခဲ့ပါတယ်။ (NVS 008)