“ဆွစ်ဇာလန်အသင်း၏ နိုဝင်ဘာလ Nations League ပွဲစဉ်များမှာ ချာကာနှင့် အမ်ဘိုလို တို့ ယှဉ်ပြိုင်ရမည်”
29 Oct
ဆွစ်ဇာလန်လက်ရွေးစင်အသင်းခေါင်းဆောင် ချာကာနှင့် တိုက်စစ်မှူး အမ်ဘိုလို တို့က နိုဝင်ဘာလအတွင်း ယှဉ်ပြိုင်ရမည့် Nations League ပွဲစဉ်များတွင် ပါဝင်ကစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရပါတယ်။ ချာကာ နှင့် အမ်ဘိုလို တို့က ကိုဗစ်ကပ်ဘေးကာလအတွင်း ၂၀၂၂ ခုနှစ်မှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံထား ကြောင်း လက်မှတ်အတုပြုလုပ်ခဲ့ခြင်းကြောင့် အမှုရင်ဆိုင်နေရပြီး ပြီးခဲ့တဲ့နိုင်ငံတကာရက် သတ္တပတ်များမှာ ဆွစ်ဇာလန်အသင်းအတွက် ကစားခွင့်မရရှိခဲ့တာ ဖြစ်ပါတယ်။ ၎င်းတို့နှစ်ဦးစလုံး စက်တင်ဘာလနှင့် အောက်တိုဘာ လအတွင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆွစ်ဇာလန်အသင်း၏ Nations League ပွဲစဉ်များကို လွဲချော်ခဲ့ရပြီး ဒဏ်ငွေ ပေးဆောင်ခဲ့ရပါတယ်။ သို့သော် အဆိုပါဒဏ်ငွေကို ၂ နှစ်ဆိုင်းငံ့အဖြစ် သတ်မှတ်ခံရခြင်းကြောင့် ၂ နှစ်အတွင်း ပြစ်မှုထပ်မံကျူးလွန်မှသာ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရပါတယ်။ ယခုအခါ ဆွစ်ဇာလန်ဘောလုံးအဖွဲ့ချုပ်က ချာကာ နှင့် အမ်ဘိုလို တို့ လက်ရွေးစင်အသင်းအတွက် ပြန်ကစားနိုင်ပြီဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ရွေးချယ်ခြင်းပြု၊ မပြုမှာမူ နည်းပြ မူရတ်ယာကင်ရဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားပါတယ်။ (NVS 008)