“ကစားသမားဟောင်း ဒါ့ကောက် ကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့တဲ့ ဖီနာဘာချီအသင်း”
29 Oct
တူရကီကလပ် ဖီနာဘာချီအသင်းက ကစားသမားဟောင်း ဒါ့ကောက် ကို ယာယီနည်းပြအဖြစ် ခန့်အပ်လိုက် ကြောင်း သိရပါတယ်။ ဒါ့ကောက် က ဖီနာဘာချီအသင်းမှာ ၂၀၁၂ မှ ၂၀၁၅ ခုနှစ်အထိ ကစားခဲ့ဖူးသူဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ နည်းပြလောကသို့ ဝင်ရောက်ခဲ့ပါတယ်။ ဒါ့ကောက် က ပြီးခဲ့တဲ့ဇွန်လမှစ၍ ဖီနာဘာချီအသင်း၏ လက်ထောက် နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပြီး ယခုအခါ နည်းပြ အစ္စမေးလ်ကာတယ်လ် ရာထူးမှ နုတ်ထွက်သွားတဲ့အတွက် ယာယီ နည်းပြအဖြစ် တာဝန်ပေးခံရခြင်းဖြစ်ပါတယ်။ အစ္စမေးလ်ကာတယ်လ်ကလည်း ပြီးခဲ့တဲ့ဇွန်လကမှ ဖီနာဘာချီအသင်း၏ နည်းပြအဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ပရိသတ်များနှင့် အဆင်မပြေဖြစ်ခဲ့တဲ့အတွက် စက်တင်ဘာလကတည်းက ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ ခြင်းဖြစ်ပါတယ်။ သို့သော် အသင်းဥက္ကဋ္ဌ၏ ညှိနှိုင်းမှုကြောင့် အောက်တိုဘာလ ၂၇ အထိ ဆက်လက်ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။ (NVS 008)
29 Oct