“သမိုင်းတစ်လျှောက် အကောင်းဆုံး Ballon d'Or ဆုရှင်(BOAT)အဖြစ် ရွေးချယ်ခံရတဲ့ စီရော်နယ်လ်ဒို”

29 Oct

အယ်လ်နာဆာအသင်း၏ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒို က သမိုင်းတစ်လျှောက်အကောင်းဆုံး Ballon d'Or ဆုရှင်(Ballon d'Or Of All Time)အဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။ ယခုအစီအစဉ်ကို Ballon d'Or ဆု နှစ်စဉ်ချီးမြှင့်နေတဲ့ France Football မဂ္ဂဇင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပရိသတ်များအနေဖြင့် ၁ ယူရိုပေးဆောင်ကာ ဆန္ဒမဲပေးရခြင်းဖြစ်ကြောင်း သိရပါတယ်။ Ballon d'Or ဝက်ဘ်ဆိုက်၏ ဖော်ပြမှုအရ တစ်ကြိမ်ထက်ပို၍ ဆန္ဒမဲပေးသူ ၅,၀၀၉ ဦးရှိခဲ့ပြီး ယင်းအထဲတွင် ၂ ကြိမ်မှ ၄ ကြိမ်အတွင်းပေးသူ ၄၆၆၅ ဦး၊ ၅ ကြိမ်မှ ၉ ကြိမ်အတွင်းပေးသူ ၃၀၀ ဦး၊ ၁၀ ကြိမ်မှ ၂၆ ကြိမ်အတွင်းပေးသူ ၄၄ ဦး ရှိခဲ့ကြောင်း သိရပါတယ်။ BOAT ဆုအတွက် Ballon d'Or ဆု အနည်းဆုံးနှစ်ကြိမ်ရရှိဖူးသူ ကစားသမား ၁၀ ဦးကို ဆန္ဒမဲပေးကာ ရွေးချယ်ခြင်းဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် စီရော်နယ်လ်ဒို Ballon d'Or ရရှိခဲ့ခြင်းက အကောင်းဆုံးဖြစ်ကြောင်း ပရိသတ် များ၏ ဆန္ဒမဲအများဆုံးဖြင့် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပါတယ်။ (NVS 008)

29 Oct

ADVERTISE HERE .