“မြစ်ကြီးနားမြို့ရှိ မနောကွင်းမှာ သီတင်းကျွတ် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် စတင်ကျင်းပမည်”

29 Oct

ကချင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စီတာပူမနောကွင်းမှာ သီတင်းကျွတ် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို အောက်တိုဘာလ ၂၈ ရက်မှစတင်ကာ အောက်တိုဘာလ ၃၀ ရက်အထိ ၃ ရက်တိုင်တိုင် ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပွဲတော်ကို ဒေသတွင်းရှိ MSME လုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းဖြင့် ပြည်နယ်အတွင်း တီထွင် ဆန်းသစ်မှုရှိတဲ့ တန်ဖိုးမြင့်ထုတ်ကုန်များတိုးတက်ထုတ်လုပ်လာနိုင်စေရန်၊ ဒေသထွက်စိုက်ပျိုးမွေးမြူရေးထွက်ကုန် များကိုအခြေခံတဲ့ ထုတ်ကုန်များကို ပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူသုံးစွဲလာနိုင်စေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း သိရပါတယ်။ ပွဲတော်မှာ မြစ်ကြီးနားတက္ကသိုလ် ပညာရပ်ဆိုင်ရာပြခန်း၊ ဒေသထွက် MSME ထုတ်ကုန်ပြခန်း၊ ကျောက်မျက်ရတနာပြခန်း၊ စိုက်ပျိုးရေးနှင့် သစ်တောဦးစီးဌာနပြခန်း၊ ဒေသထွက်စားသောက်ကုန်၊ လူသုံးကုန်၊ အဝတ်အထည်နှင့် ကျောက်စိမ်း၊ ကျောက်မျက်လက်ဝတ်ရတနာ အချောထည်အရောင်းပြခန်းစသည့် အခန်းပေါင်း ၆၀ နဲ့ ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

29 Oct

ADVERTISE HERE .