“ရန်ကုန်မြို့နယ် ၄ ခုနှင့် သီလဝါမှာ ရေပေးဝေမှု ယာယီအားနည်းနိုင်”
29 Oct
ရန်ကုန်တိုင်းဒေသကြီးရှိ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ သာကေတနှင့် ဒေါပုံမြို့နယ်တို့ အပြင် သီလဝါအထူးစီးပွားရေးဇုန်မှာ လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်မှုကြောင့် ရေပေးဝေမှုအားနည်းခြင်း များ ဖြစ်ပေါ်နိုင်ကြောင်း သိရပါတယ်။ အဆိုပါဒေသများသို့ ရေပေးဝေနေတဲ့ ရေပေးဝေရေးစခန်း ဇုန် (၈) မှာ အောက်တိုဘာလ ၂၈ ရက်မှစတင်၍ လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်ခဲ့သဖြင့် ရေတွန်းစက်ကြီးများကို ခေတ္တရပ်နားခဲ့ရကြောင်း သိရပါတယ်။ ယင်းသို့ရေတွန်းစက်များ ခေတ္တရပ်နားခဲ့ရခြင်းကြောင့် သက်ဆိုင်ရာမြို့နယ်များနှင့် သီလဝါအထူးစီးပွားရေးဇုန်ရှိ ရေပေးဝေရေး ပိုက်လိုင်းကွန်ရက်များတွင် ရေအားနည်းမှု ဖြစ်ပေါ်နိုင်ခြင်းဖြစ်ပါတယ်။ ရေပေးဝေမှုအားနည်းခြင်းကြောင့် ရေသုံးစွဲရာမှာ အခက်အခဲရှိပါက သက်ဆိုင်ရာမြို့နယ် ရေပေးဝေရေး တာဝန်ခံများထံ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ဖော်ပြထားပါတယ်။ ဆက်သွယ်ရန် ဖုန်းနံပါတ်များမှာ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အတွက် ၅၀၉၄၃၃၅၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွက် ၀၉-၄၄၆၇၅၈၃၅၀၊ သာကေတ မြို့နယ်အတွက် ၀၉-၄၂၀၀၄၅၂၈၇ နှင့် ဒေါပုံမြို့နယ်အတွက် ၀၉-၄၄၈၀၄၈၇၆၀ တို့ဖြစ်ပါတယ်။ (NVS 008)