“သတ္တုတူးဖော်ခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရန် မြန်မာ- ရုရှား နှစ်နိုင်ငံအကြီးအကဲများဆွေးနွေး”

29 Oct

မြန်မာ-ရုရှားနှစ်နိုင်ငံ သတ္တုတူးဖော်ခြင်းလုပ်ငန်းများကို ဟန်ချက်ညီစွာပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားနိုင်ငံ Areal Group of Companies ၏ အကြီးအကဲ Mr. Vladislav V. SVIBLOV တို့ဆွေးနွေးခဲ့ကြပါတယ်။ နိုင်ငံတော်သမ္မတ က ရုရှားနိုင်ငံ Areal Group of Companies ၏အကြီးအကဲကို အောက်တိုဘာလ ၂၈ ရက် မှာ နိုင်ငံတော်သမ္မတရုံးတော်ဧည့်ခန်းမမှာ ဂါရဝပြုလာရောက်တွေ့ဆုံမှုူကို လက်ခံတွေ့ဆုံခဲ့ပါတယ်။ မြန်မာ-ရုရှား နှစ်နိုင်ငံကြားအပြန်အလှန်ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု၊ ပညာရေးကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်လျက်ရှိမှုကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင်နှစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်မှုတို့ကို များစွာအထောက်အကူပြုစေနိုင်မည့် သတ္တုရှာဖွေတူးဖော်ရေးလုပ်ငန်းများမှာ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ သတ္တုတူးဖော်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဟန်ချက်ညီစွာပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ (NVS 008)

29 Oct

ADVERTISE HERE .