ကုန်ဈေးနှုန်းသတင်း ၂၈.၁၀.၂၀၂၆

28 Oct

အောက်တိုဘာလ ၂၈ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ အနည်းငယ် ကျဆင်းလာပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူးနဲ့ အခြားပဲအများစုဈေး တွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၁၁၃,၇၁၁ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၂၁,၈၀၀ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၅,၇၃၀ ကျပ်ကနေ ၅,၇၇၀ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၆,၃၅၈ ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ) တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၅,၆၈၅ ကျပ်၊ ပဲလွန်းဖြူ(ပဲခူး/မြစ်ဝကျွန်းပေါ်) တစ်ပိဿာကို ၃,၆၆၅ ကျပ်ကနေ ၄,၂၅၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၉၁၅ ကျပ်ကနေ ၄,၁၇၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၁၃,၈၀၅ ကျပ်ကနေ ၁၄,၁၆၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၁၇၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၄,၀၈၀ ကျပ်ကနေ ၄,၄၂၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၂,၆၆၅ ကျပ်ကနေ ၁၃,၅၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၆၈၀ ကျပ်ကနေ ၁,၇၀၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၈၀၀ ကျပ်ကနေ ၆,၀၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ် (ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၇,၀၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၈,၂၀၀ ကျပ်ကနေ ၁၀,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ(အောင်ပန်း) တစ်ပိဿာကို ၆,၆၀၀ ကျပ်ကနေ ၉,၆၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၁၀၀ ကျပ်ကနေ ၈,၅၀၀ ကျပ်၊ မန်ကျည်းသီး(ပွင့်ကပ်/အသား) တစ်ပိဿာကို ၃,၈၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၆၅၀ ကျပ်ကနေ ၄,၂၅၀ ကျပ်၊ အာလူး(အောင်ပန်း) တစ်ပိဿာကို ၁,၃၀၀ ကျပ်ကနေ ၃,၅၀၀ ကျပ်၊ ပုစွန်ခြောက်(ဖျာပုံရွှေပုစွန်) တစ်ပိဿာကို ၈၀,၀၀၀ ကျပ်ကနေ ၂၇၀,၀၀၀ ကျပ်၊ ငါးကျည်းကြပ်တိုက် တစ်ပိဿာကို ၈၀,၀၀၀ ကျပ်ကနေ ၁၀၅,၀၀၀ ကျပ်၊ ငါးမြွေထိုး တစ်ပိဿာကို ၅၅,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၃၉ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၇၁၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၆၉၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၄,၇၁၅ ကျပ်၊ မန္တလေးမှာ ၄,၈၇၀ ကျပ်၊ နေပြည်တော်မှာ ၄,၈၂၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၄,၈၃၅ ကျပ်၊ မန္တလေး မှာ ၄,၉၉၀ ကျပ်၊ နေပြည်တော်မှာ ၄,၉၄၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၄,၄၄၅ ကျပ်၊ မန္တလေးမှာ ၄,၅၉၀ ကျပ်၊ နေပြည်တော်မှာ ၄,၅၄၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၅,၃၇၅ ကျပ်၊ မန္တလေးမှာ ၅,၅၃၀ ကျပ်၊ နေပြည်တော်မှာ ၅,၄၈၀ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ကျပ် (၇,၁၀၀,၀၀၀ိ/-) ခုနစ်ဆယ် တစ်သိန်းကျပ်ရှိပြီး ပြင်ပပေါက်ဈေးမှာ (၁၀,၁၃၀,၀၀၀ိ/-) တစ်ရာ တစ်သိန်း သုံးသောင်း ကျပ် ရှိနေတယ်လို့ သိရပါတယ်။

28 Oct

ADVERTISE HERE .