“တိုက်စစ်မှူး ဒိုဗီကက်စ် ကို စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ ကိုမိုအသင်း”
28 Oct
ကိုမိုအသင်းဟာ အခုရာသီမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ဒိုဗီကက်စ် ကို ၂၀၃၁ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်ကို ချုပ်ဆိုလိုက်တယ်လို့ အောက်တိုဘာလ ၂၆ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒိုဗီကက်စ် ဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ဆယ်တာဗီဂို အသင်းကနေ ကိုမိုအသင်းဆီကို ရောက်လာခဲ့တာဖြစ်ပြီး ကိုမိုအသင်းအတွက် ပြိုင်ပွဲစုံ ၆၈ ပွဲကစားပေးထားရာမှာ ၂၇ ဂိုးသွင်းယူထားကာ ဂိုးဖန်တီးမှု ၅ ကြိမ်ပြုလုပ်ပေးထားပါတယ်။ ပြီးခဲ့တဲ့ရာသီက စီးရီးအေသွင်းဂိုး ၁၄ ဂိုးနဲ့ ဒုတိယဂိုးအများဆုံးသွင်းသူဖြစ်ခဲ့တဲ့ ဒိုဗီကက်စ်ဟာ အခုရာသီ စီးရီးအေပွဲစဉ် ၈ ပွဲကစားပြီးချိန်မှာလည်း ၅ ဂိုးအထိ သွင်းယူပေးထားပါတယ်။ ကိုမိုအသင်းက ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ဒိုဗီကက်စ် ကို ဆက်ထိန်းထားဖို့ ဆန္ဒရှိသလို ကစားသမားဘက်ကလည်း ကိုမိုအသင်းရဲ့ အနာဂတ် အစီအစဉ်တွေမှာ ဆက်လက်ပါဝင်လိုတာကြောင့် အခုလို စာချုပ်သစ်ကို သဘောတူညီမှုရခဲ့တာဖြစ်ပါတယ်။ ကိုမိုအသင်းနည်းပြ ဖာဘရီဂတ်စ် ကလည်း ဒိုဗီကက်စ်ရဲ့ စာချုပ်သစ်ကို ကြိုဆိုလိုက်ပြီး အသင်းအနေနဲ့ အရည်အသွေးရှိတဲ့ ကစားသမားတွေကို ဆက်လက်ထိန်းထားနိုင်ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ (NVS 008)