“ဖိလစ်ပိုင်အမျိုးသမီးကစားသမားနှစ်ဦး ခေါ်ယူလိုက်တဲ့ ရန်ကုန်စီးတီးအမျိုးသမီးအသင်း”

28 Oct

ရန်ကုန်စီးတီးအမျိုးသမီးအသင်းက ပြီးခဲ့တဲ့ရက်ပိုင်းက ဖိလစ်ပိုင်အမျိုးသမီးကစားသမားနှစ်ဦးကို ယခုရာသီကုန်အထိ ကာလတိုအငှားစာချုပ်ဖြင့် ခေါ်ခဲ့ပါတယ်။ ရန်ကုန်စီးတီးအမျိုးသမီးအသင်းက အသက် ၂၇ နှစ်ရှိ ဖိလစ်ပိုင်တိုက်စစ်ကစားသမား အိန်ဂျယ်လီကာ တီဗက်ဇ် နှင့် အသက် ၂၈ နှစ်ရှိ ဖိလစ်ပိုင်တောင်ပံတိုက်စစ်ကစားသမား အလစ်ဆာအူဘေးတို့ နှစ်ဦးကို ခေါ်ယူ လိုက်ခြင်း ဖြစ်ပါတယ်။ ဖိလစ်ပိုင်တိုက်စစ်ကစားသမား တီဗက်ဇ် က တိုက်စစ်မှူးနေရာမှာ သာမက ကွင်းလယ်နှင့် တောင်ပံအစွန်နေရာများမှာပါ ကစားနိုင်သူဖြစ်ပါတယ်။ ဖိလစ်ပိုင်တိုက်စစ်ကစားသမား တီဗက်ဇ် က ရန်ကုန်စီးတီး အမျိုးသမီးအသင်းမတိုင်မီ ပြီးခဲ့တဲ့ရာသီက ကမ္ဘောဒီးယားအမျိုးသမီးလိဂ်ပြိုင်ပွဲဝင် ဘိုရင်ကတ်အသင်းမှာ ပါဝင်ကစားခဲ့ကြောင်း သိရပါတယ်။ ဖိလစ်ပိုင်အမျိုးသမီးလက်ရွေးစင်ကစားသမား အူဘေး က ယခုရာသီမြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပထမအကျော့မှာ လက်ရှိချန်ပီယံ ဧရာဝတီအသင်းမှာ ပါဝင်ကစားခဲ့သူဖြစ်ပါတယ်။ အူဘေး က မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲ ပထမအကျော့အပြီးမှာ ဧရာဝတီအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးသွားပြီး နှစ်ဖက်သဘောတူညီမှုဖြင့် လမ်းခွဲခဲ့ကာ ယခုအခါ ရန်ကုန်စီးတီးအမျိုးသမီးအသင်းထံသို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပါတယ်။ (NVS 008)

28 Oct

ADVERTISE HERE .