“၂၀၂၆ ခုနှစ် ဘလွန်းဒီအောဆုကို ဆွတ်ခူးရရှိခဲ့တဲ့ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်း”

28 Oct

၂၀၂၆ ခုနှစ်အတွက် အမျိုးသားဘလွန်းဒီအော (Ballon d'Or)ဆုကို အင်္ဂလန်အသင်းခေါင်းဆောင်နှင့် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်း က ရီးရဲလ်တိုက်စစ်မှူး အမ်ဘာပေ နှင့် ဘာစီလိုနာကစားသမား ယာမယ် တို့ကို ကျော်ဖြတ်ကာ ဆွတ်ခူးရရှိခဲ့ပါတယ်။ (၇၀) ကြိမ်မြောက် ဘလွန်းဒီအောဆုပေးပွဲကို အောက်တိုဘာလ ၂၆ ရက်က အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ London Palladium ပြဇာတ်ရုံမှာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဟာရီကိန်း က ၂၀၀၁ ခုနှစ် မိုက်ကယ်အိုဝင် ဆုရရှိခဲ့ပြီးနောက် ၂၅ နှစ်အတွင်း ဘလွန်းဒီအောဆုကို ပထမဆုံးပြန်လည်ဆွတ်ခူးနိုင်တဲ့ အင်္ဂလန် ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဟာရီကိန်း က ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအတွင်း ကလပ်နှင့် နိုင်ငံအသင်းအတွက် ၆၅ ပွဲကစားကာ ၇၃ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ဂျာမန်ဘွန်ဒက်စ်လီဂါနှင့် ဂျာမန်ဖလားတို့ကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါ တယ်။ ဒါ့အပြင် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်းအတွက် ၆ ဂိုး သွင်းယူပေးခဲ့ပြီး အသင်းကို တတိယ နေရာရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ (NVS 008)

28 Oct

ADVERTISE HERE .