“မွန်ဇာတိုက်စစ်မှူး ဗာရယ်လာ ကို ခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ အာဆင်နယ်အသင်း”

28 Oct

အာဆင်နယ်အသင်းက စီးရီးအေကလပ် မွန်ဇာအသင်းမှ ပေါ်တူဂီတိုက်စစ်မှူး ဂူစတာဗိုဗာရယ်လာကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရပါတယ်။ အသက် ၂၁ နှစ်သာရှိသေးသူ ဗာရယ်လာ က ယခုရာသီစီးရီးအေမှာ ခုနစ်ဂိုးသွင်းထားပြီး ဖရိုဆီနိုနီအသင်းမှ ရိုင်မွန်ဒို နှင့်အတူ ပူးတွဲဂိုးအများဆုံးအဖြစ် ရပ်တည်လျက်ရှိပါတယ်။ ကိုပါအီတာလီယာပွဲစဉ်မှာလည်း နှစ်ဂိုး သွင်းယူ ထားတာကြောင့် ယခုရာသီ ပြိုင်ပွဲစုံ ရှစ်ပွဲမှာ ကိုးဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဗာရယ်လာ က မွန်ဇာအသင်းနှင့် ၂၀၃၀ ပြည့်နှစ်အထိ စာချုပ်သက်တမ်း ရှိနေသူလည်းဖြစ်ပါတယ်။ ဗာရယ်လာ ကို အာဆင်နယ်အသင်းအပြင် နာပိုလီနှင့် အသင်းဟောင်း ဘင်ဖီယာအသင်းတို့ကလည်း စောင့်ကြည့်နေလျက်ရှိပါတယ်။ (NVS 008)

28 Oct

ADVERTISE HERE .