“ချဲလ်ဆီးအသင်းနှင့်ပွဲစဉ်ကို ကိုင်တွယ်မယ့် ကာရစ်”
28 Oct
မန်ယူအသင်းနည်းပြ မိုက်ကယ်ကာရစ် က ယခုအပတ် ချဲလ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ်ပွဲကို ဆက်လက် ကိုင်တွယ်မည်ဖြစ်ကြောင်း သိရပါတယ်။ မန်ယူအသင်းက ကာရစ် ကို လက်ရှိအခြေအနေဆိုးကို ပြောင်းလဲနိုင်ရန်အတွက် အခွင့်အရေးပေးခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ ကာရစ် က ချဲလ်ဆီးအသင်းနှင့်ပွဲကို ကိုင်တွယ်ခွင့်ရရုံသာမက လက်ရှိ အသင်းကံကြမ္မာကို ပြောင်းလဲရန် အခွင့်အရေးတစ်ခုရှိသေးကြောင်း နီးစပ်သူများထံမှ သိရပါတယ်။ မန်ယူအသင်းက ဘုန်းမောက်ကို ဂိုးပြတ် ရှုံးနိမ့် အပြီး နည်းပြ ကာရစ် ၏နာမည်ကို သံပြိုင်အော်ပြီး ထောက်ခံခဲ့ကြပေမယ့် မန်ယူကစားသမားများကို အသင်း ပရိသတ်များက လှောင်ပြောင်မှုများ ပြုလုပ်ခဲ့ကြပါတယ်။ (NVS 008)
28 Oct