“ကရင်ပြည်နယ်မှာ ရွေ့လျားဆေးခန်းနဲ့ လူ ၁,၃၅၆ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေး”

28 Oct

ကရင်ပြည်နယ်အတွင်း ဘားအံ၊ လှိုင်းဘွဲနှင့် ကော့ကရိတ်မြို့နယ်တို့မှာ ရွေ့လျားဆေးခန်းများ ဖွင့်လှစ်ကာ ဒေသခံပြည်သူ ၁,၃၅၆ ဦးကို ပဏာမကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းကနေ သိရပါတယ်။ အဆိုပါရွေ့လျားဆေးခန်းများကို စက်တင်ဘာလ ၂၉ ရက်မှ အောက်တိုဘာလ ၁၀ ရက်အထိ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာများကို ဆေးရုံများသို့ ညွှန်းပို့ခြင်းနှင့် ကြက်ခြေနီ လူနာတင်ယာဉ်နဲ့ ပို့ဆောင်ပေးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြောင်း အသိပေးချက်အရ သိရပါတယ်။ ဒါ့အပြင် ဆေးရုံတက်စရိတ် ထောက်ပံ့မှုသတ်မှတ်ချက်နှင့်ကိုက်ညီတဲ့ လူနာနှစ်ဦးကို တစ်ဦးလျှင် ငွေကျပ် ၅ သိန်းစီ ထောက်ပံ့ပေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါလုပ်ငန်းများကို ပြည်နယ်နှင့် ခရိုင်ကြက်ခြေနီကြီးကြပ်မှု ကော်မတီ၏ ကြီးကြပ်မှုနဲ့ ကြက်ခြေနီဝန်ထမ်းများနှင့် ဒေသခံကြက်ခြေနီစေတနာလုပ်အားရှင်များ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ (NVS 008)

28 Oct

ADVERTISE HERE .