“(၂၇) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို နိုင်ငံတော်သမ္မတနှင့်ဇနီးတို့ ကြည့်ရှုအားပေး”

28 Oct

တိုင်းရင်းသားရိုးရာ/ကျေးလက်ရိုးရာအကပြိုင်ပွဲအပါအဝင် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲယှဥ်ပြိုင်နေမှုများကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီးတို့က အောက်တိုဘာလ ၂၇ ရက်တွင်ကြည့်ရှုအားပေးခဲ့ကြောင်း သိရပါတယ်။ ဆင်ဖြူရှင်ခန်းမမှာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုဖော်ညွှန်းရန်၊ အေးအတူပူအမျှအတူတကွလက်တွဲ နေထိုင်လိုတဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို ထာဝရဖော်ညွှန်းရန်၊ တိုင်းရင်းသားတို့၏ ရိုးရာအကအလှများကို ပြန်လည် ဖော်ထုတ်ထိန်းသိမ်းရန် ရည်ရွယ်ချက်များနဲ့ကျင်းပတဲ့ တိုင်းရင်းသားရိုးရာ/ကျေးလက်ရိုးရာအကပြိုင်ပွဲကို နိုင်ငံတော် သမ္မတနှင့်ဇနီးတို့က ကြည့်ရှုအားပေးခဲ့ကြပါတယ်။ အဆိုပါတိုင်းရင်းသားရိုးရာ/ကျေးလက်ရိုးရာအကပြိုင်ပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ပြိုင်ပွဲဝင် တိုင်းရင်းသားရိုးရာအကအဖွဲ့များ ယှဉ်ပြိုင်လျက်ရှိပါတယ်။ ဒါ့အပြင် ပုဗ္ဗသီရိအားကစားခန်းမမှာ ကျင်းပတဲ့ ဝါသနာ ရှင်အဆင့်(ဒုတိယတန်း)အမျိုးသား၊ ဝါသနာရှင်အဆင့်(ဒုတိယတန်း)အမျိုးသမီးနှင့် ဝါသနာရှင်အဆင့်(ပထမတန်း) အမျိုးသားဒုံမင်းအတီးပြိုင်ပွဲကိုလည်း ကြည့်ရှုအားပေးခဲ့ကြောင်း သိရပါတယ်။ အဲဒီနောက် နိုင်ငံတော်သမ္မတနှင့်ဇနီး တို့က ပြိုင်ပွဲအလိုက် အကဲဖြတ်ဆောင်ရွက်ပေးနေတဲ့ အကဲဖြတ်ပညာရှင်များ၊ ပြိုင်ပွဲဝင်များနှင့် လာရောက် အားပေးသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါတယ်။ (NVS 008)

28 Oct

ADVERTISE HERE .