“Express ကားများ ခရီးသည်ပစ္စည်းမှလွဲ၍ ကုန်ပစ္စည်းတင်ဆောင်ခွင့်မပြု”

28 Oct

ရန်ကုန် - မန္တလေးအမြန်လမ်းမှာ ပြေးဆွဲနေတဲ့ ခရီးသည်တင် Express ကားများအနေနဲ့ ခရီးသည်ပစ္စည်းမှ လွဲ၍ အခြားကုန်ပစ္စည်းများ တင်ဆောင်ခြင်းမပြုရန် အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က သတိပေးထားပါတယ်။ စည်းကမ်းဖောက်ဖျက်ပြီး ကုန်ပစ္စည်းတင်ဆောင်သည်ကို စစ်ဆေးတွေ့ရှိပါက အမြန်လမ်းမကြီး ဥပဒေအရ အရေးယူမည်ဖြစ်ပြီး အမြန်လမ်းသုံးစွဲခွင့်ပါ ရုပ်သိမ်းသွားမှာ ဖြစ်ပါတယ်။ ကုန်အလေးချိန်ကြောင့် တာယာပေါက်ခြင်း၊ ဘရိတ်မမိခြင်းနှင့် တိမ်းမှောက်ခြင်းစတဲ့ မတော်တဆမှုများ ဖြစ်ပွားနိုင်သဖြင့် ယခုကဲ့သို့ တားမြစ်ရခြင်းဖြစ်ကြောင်း သိရပါတယ်။ အမြန်လမ်းပေါ်မှာ က.ည.န သတ်မှတ်ထားတဲ့ ခရီးသည်ဦးရေအတိုင်းသာ တင်ဆောင်ရန်နှင့် တာယာ၊ ဘရိတ်၊ အောက်ပိုင်းစနစ်များကို အမြဲစစ်ဆေးရန်လည်း သတိပေးထားပါတယ်။ ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လကုန် အထိ အမြန်လမ်းပေါ်မှာ ယာဉ်မတော်တဆမှု ၅၂ မှု ဖြစ်ပွားခဲ့ရာ သေဆုံးသူ ၃၂ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၆၃ ဦး ရှိခဲ့ကြောင်း သိရပါတယ်။ (NVS 008)

28 Oct

ADVERTISE HERE .