မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များ ဗီယက်နမ်နိုင်ငံမှပြန်လည်ရောက်ရှိ

27 Oct

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏လမ်းညွှန်မှုဖြင့် ဗီယက်နမ်နိုင်ငံသို့အောက်တိုဘာလ ၂၀ ရက် မှစတင် ၍ လေ့လာရေးသွားရောက်ခဲ့ကြသည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်၀င် စာမေးပွဲတွင်ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် စစ်မှုထမ်းဆဲ/စစ်မှုထမ်းဟောင်းနှင့်အစားခန့်၀န်ထမ်းများ၏သား၊သမီး ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသောစစ်သည်များ ပါ၀င်သည့်မျိုးဆက်သစ်ထူးချွန် လူငယ်မောင်မယ်များ ပါ၀င်သောလေ့လာရေးအဖွဲ့သည်ယနေ့ နံနက် ၁ နာရီ ၁၅ မိနစ်က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပြန်လည်ရောက်ရှိလာကြရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် တင်မင်းလတ်နှင့်တပ်မတော်အရာရှိကြီးများ၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းမှတာ၀န်ရှိ လူကြီးမင်းများ၊ ကျောင်းသား၊ကျောင်းသူများ၏ မိဘများကရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ၌ကြိုဆိုနှုတ်ဆက်ကြသည်။ အဆိုပါ မျိုးဆက်သစ် ထူးချွန်လူငယ်မောင်မယ်များနှင့်စစ်သည်များ ပါ၀င်သော လေ့လာရေးအဖွဲ့သည် ဗီယက်နမ်နိုင်ငံသို့ရောက်ရှိနေစဥ် အောက်တိုဘာလ ၂၁ ရက်တွင် Viettel Academy ကိုလည်းကောင်း၊ အောက်တိုဘာလ ၂၂ ရက်တွင် FPT Software Center ၊Viettel Global ရုံးချုပ်၊ Viettel Telecom နှင့် Viettel Post အား လည်းကောင်း၊ အောက်တိုဘာလ ၂၃ ရက်တွင် ဟိုချီမင်း၏ဂူဗိမာန်၊ One Pillar Pagoda အားလည်းကောင်း ၊ ပထမဆုံးရှေးဟောင်းတက္ကသိုလ်၊ Hoan Kiem ကန်ပတ်၀န်းကျင်တွင် လမ်းလျောက်လေ့လာခဲ့သည့် အပြင် ကမ္ဘာလှည့်ခရီးသွားများအကြား ထင်ရှားရေပန်းစားသော Hanoi Train Street အားလည်းကောင်း၊ Hoa Lo အကျဥ်းထောင်ဟောင်းတို့အားလည်းကောင်း လေ့လာလည်ပတ်ခဲ့ကြသည်။ ဒါ့အပြင် အောက်တိုဘာလ ၂၄ ရက်တွင် ဟွာလူး(Hoa Lu)မြို့(၁၁ ရာစုခေတ်က Dnih နှင့် Le မင်းဆက် တို့၏ ရှေးဟောင်းမြို့တော်)သို့လည်းကောင်း ၊ UNESCO မှကမ္ဘာ့အမွေအ‌နှစ် အဖြစ် သတ်မှတ်ခံထားသော Trang An(ထရန်အန်း) ရှိ ထုံးကျောက်တောင်များ၊ ရေကန်နှင့်လှိူင်ဂူများ စိမ်းလန်းစိုပြည်သောသဘာ၀ရှုခင်းနေရာများ အား သွားရောက်လည်ပတ်ကြကြောင်းနှင့် အောက်တိုဘာလ(၂၅)ရက်တွင်ကမ္ဘာကျော် Halong Bay(UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ) စသဖြင့် နေရာအသီးသီးသို့ စိတ်ပါဝင်စားစွာ လေ့လာလည်ပတ်ခဲ့ကြကြောင်း သတင်း ရရှိသည်။ (NVS – 007)

27 Oct

ADVERTISE HERE .