ဟောင်ကောင်အိုးပင်းဂေါက်သီးရိုက်ပြိုင်ပွဲတွင် အမေရိကန်ဂေါက်သီးရိုက် ကစားသမား ဂျွန်ကက်လင်း ချန်ပီယံဆုဆွတ်ခူး

27 Oct

ဟောင်ကောင်မှာ ကျင်းပခဲ့တဲ့ ၂၀၂၆ ခုနှစ် ဟောင်ကောင်အိုးပင်းဂေါက်သီးရိုက်ပြိုင်ပွဲမှာ အမေရိကန် ဂေါက်သီးရိုက် ကစားသမား ဂျွန်ကက်လင်းက ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါပြိုင်ပွဲကို အောက်တိုဘာလ ၂၂ ရက်မှ ၂၅ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဂျွန်ကက်လင်းက စုစုပေါင်းရိုက်ချက်၂၆၀၊ သတ်မှတ်ရိုက်ချက်ထက် အချက် ၂၀ လျော့ရိုက်ပြီးနောက် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂျွန်ကက် လင်း၏နောက်တွင် ဟောင်ကောင်ဂေါက်သီးရိုက်ကစားသမား မက်သရူးနှင့် ဂရိဂေါက်သီးရိုက်ကစားသမား ဆာမိုဂျာတို့က စုစုပေါင်းရိုက်ချက် ၂၆၅ ချက် ၊ သတ်မှတ်ရိုက်ချက်ထက် ၁၅ ချက် စီလျော့ရိုက်ကာ ဒုတိယနေရာ၌ ပူးတွဲ ရပ်တည်နိုင်ခဲ့ပါတယ်။ ဂျွန်ကက်လင်းဟာ ဟောင်ကောင်အိုးပင်းဂေါက်သီးရိုက်ပြိုင်ပွဲတွင် ချန်ပီယံဆုဆွတ်ခူးနိုင်သည့်အတွက် လာမည့် ၂၀၂၇ ခုနှစ် မာစတာဂေါက်သီးရိုက်ပြိုင်ပွဲနှင့်ဗြိတိန်အိုးပင်းပြိုင်ပွဲများသို့ တိုက်ရိုက် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိသည့်အပြင် ASIA TOUR အဆင့်ပြိုင်ပွဲများတွင် ခုနစ်ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)

27 Oct

ADVERTISE HERE .