လာမည့် ၂၀၂၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် UFC ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ်အတွက် ပြန်လည်ထိုးသတ်မည်ဟု အက်စ်ပီနောပြောကြား

27 Oct

အင်္ဂလန်ဖိုက်တာ အက်စ်ပီနောက လာမည့် ၂၀၂၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် ၎င်း၏ UFC ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ်အတွက် ပြန်လည်ထိုးသတ်မည်ဟု ပြောကြားခဲ့ကြောင်း သိရပါတယ်။ အက်စ်ပီနောသည် ၂၀၂၅ ခုနှစ် အောက်တိုဘာလက ၎င်း၏ UFC ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲစဉ်အဖြစ် ပြင်သစ်ဖိုက်တာ စီရယ်ဂိန်းနှင့်ထိုးသတ်ခဲ့ရာ မျက်စိထိခိုက်ခဲ့သည့်အတွက် ပွဲစဉ်ကို ဖျက်သိမ်းခဲ့ရခြင်းဖြစ်သည်။ ထို့နောက် အက်စ်ပီနောသည် ချန်ပီယံခါးပတ်ကာကွယ်ပွဲစဉ် ထပ်မံထိုးသတ်ရန် မျက်စိဆေးဝါးကုသမှုများ လုပ်ဆောင်ခဲ့ရာ အကြိမ်ကြိမ် ခွဲစိတ်ကုသမှုများ လုပ်ဆောင်ခဲ့သော်လည်း သက်သာလာခြင်း မရှိသည့်အတွက် စက်တင်ဘာလ ၁၄ ရက် က ချန်ပီယံ ခါးပတ်ကို စွန့်လွှတ်ခဲ့ပါတယ်။ အက်စ်ပီနောသည် UFC ဟဲဗီး ဝိတ်တန်း ချန်ပီယံခါးပတ်ကို စွန့်လွှတ်ခဲ့ပြီးနောက် အဆင့်(၁) နေရာမှ စီရယ်ဂိန်းက ချန်ပီယံအဖြစ် ရပ်တည်ခဲ့သော်လည်း အက်စ်ပီနောက ချန်ပီယံခါးပတ်အတွက် စိန်ခေါ်ခွင့်ရှိနေခြင်း ဖြစ်ပါတယ်။ အက်စ်ပီနောက ချန်ပီယံခါးပတ်အတွက် မကြာခင် ပြန်လာမည်ဖြစ်ကြောင်းနှင့် လာမယ့် ၂၀၂၇ ခုနှစ် နှစ်ဆန်းပိုင်းလောက်တော့ ထိုးသတ်နိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)

27 Oct

ADVERTISE HERE .