မန်ယူအသင်းနည်းပြသစ်ရာထူးအတွက် နည်းပြအက်ဒီဟိုဝီရေပန်းစား
27 Oct
မန်ယူအသင်းနည်းပြသစ်ဖြစ်လာရန် ရေပန်းစားနေသူများတွင် နယူးကာဆယ်အသင်းနည်းပြဟောင်း အက်ဒီဟိုဝီက ထိပ်ဆုံးမှ ရပ်တည်နေကြောင်း သိရပါတယ်။ မန်ယူနည်းပြ ကာရစ်၏လက်အောက်တွင် ရလဒ်များ ဆက်တိုက်ဆိုးရွားနေပြီး နောက်ဆုံးကစားသည့် ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ် (၈)တွင်လည်း ဘုန်းမောက် အသင်း ကို အိမ်ကွင်း၌ ၃ ဂိုး - ဂိုး မရှိဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ လက်ရှိတွင် မန်ယူအသင်းတာဝန် ရှိသူများက နည်းပြ အပြောင်းအလဲလုပ်ဆောင်ရန်စီစဉ်လျက်ရှိပြီး မန်ယူအသင်းဟာ ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်က ကစားခဲ့ ဆာဘတ်အသင်းနှင့်ပွဲစဉ်တွင် အနိုင်ရရှိပြီးနောက်ပိုင်း ပြိုင်ပွဲစုံ ရှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေခဲ့ကာ ပရီးမီးယား လိဂ်ပြိုင်ပွဲတွင်လည်း အဆင့် (၁၆) နေရာ၌ ရပ်တည်လျက်ရှိပါတယ်။ ပြီးခဲ့သည့် ဘောလုံးရာသီက နည်းပြကာရစ်ဟာ ယာယီနည်းပြအဖြစ် အသင်းကို ရလဒ် ကောင်း ရရှိအောင် တာဝန်ယူကိုင်တွယ်ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရရှိသည် အထိ စွမ်းဆောင်ပေးနိုင် ပါတယ်။ ဒါပေမယ့် ယခုဘောလုံးရာသီတွင် အမြဲတမ်းနည်းပြအဖြစ် နှစ်နှစ်စာချုပ်ချုပ်ဆိုပြီးနောက် အသင်းရလဒ်များ ဆက်တိုက် ဆိုးရွားနေခြင်းဖြစ်ပါတယ်။ မန်ယူအသင်းနည်းပြသစ်အဖြစ် ရေပန်းစားနေသူများထဲတွင် နည်းပြအက်ဒီဟိုဝီနှင့် အတူ ဘိုင်ယန်မြူးနစ်အသင်းနည်းပြဟောင်း နာဂယ်စမန်းက ဒုတိယနေရာ၌ ရပ်တည် နေပြီး ချဲလ်ဆီးအသင်း၊ စပါးအသင်းနည်းပြဟောင်း တစ်ဦးဖြစ်တဲ့ ကွန်တီကလည်း တတိယနေရာ၌ ရပ်တည် လျက် ရှိပါတယ်။ (NVS 008)