ပီအက်စ်ဂျီအသင်းမှ ခါဗာရက်စခီလီယာ ဒဏ်ရာကြောင့် ရာသီကုန်အထိအနားယူရမည်
27 Oct
ပီအက်စ်ဂျီအသင်း တိုက်စစ်ကစားသမား ခါဗာရက်စခီလီယာသည် ဒူးအရွတ်ဒဏ်ရာကြောင့် ယခု ဘောလုံးရာသီကုန် အထိ ကာလရှည် အနားယူရမည်ဖြစ်ကြောင်း သိရပါတယ်။ ချန်ပီယံလိဂ်ပွဲစဉ် ပီအက်စ်ဂျီ အသင်းနှင့်ဘာစီလိုနာအသင်းတို့ကစားတဲ့ပွဲစဉ်မှာ ခါဗာရက်စခီလီယာဟာ ပွဲချိန် ၅၉ မိနစ်တွင် ပြင်းထန်သည့် ဒူးအရွတ်ဒဏ်ရာရရှိပြီး ဒဏ်ရာမှာ ပြင်းထန်တဲ့အတွက် ခွဲစိတ်ကုသမှုခံယူရမည်ဖြစ်ပါတယ်။ ဒါ့ကြောင့် ခါဗာရက် စခီလီယာအနေဖြင့် အနည်းဆုံး ခြောက်လခန့် ကာလရှည်အနားယူရမည့်အရေးနှင့် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ခါဗာရက်စခီလီယာသည် ပီအက်စ်ဂျီအသင်းရဲ့အဓိကကစားသမားတစ်ဦးဖြစ်တာကြောင့် ယခုအခါ ပီအက်စ်ဂျီအသင်း တိုက်စစ်ပိုင်းအတွက် ထိုးနှက်ချက်ဖြစ်လာခဲ့ပါတယ်။ ဒ့ါအပြင် နောက်ထပ်အဓိကကစားသမား များဖြစ်ကြသည့် ဝါရင့်ခံစစ်ကစားသမားမာကွင်ဟိုနှင့် တိုက်စစ်ကစားသမား ဒမ်ဘီလီတို့ကလည်း ဒဏ်ရာအသီး သီးရရှိခဲ့ကြပြီး ၎င်းတို့အနေနဲ့ မည်သည့်အချိန်ထိ အနားယူရမည်ကို မသိရှိရသေးကြောင်း သိရတဲ့အတွက် ပီအက်စ်ဂျီအသင်းအတွက် အခက်အခဲရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ (NVS 008)