ပြည်မြို့နယ်ရှိ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကား သိုက်မြိုက် စွာ ကျင်းပမည်

27 Oct

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်၏ ဗုဒ္ဓပူဇနိယပွဲတော် ကို တန်ဆောင်မုန်းလဆန်း ၈ ရက် (နိုဝင်ဘာလ ၁၇ ရက်) မှ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက် (နိုဝင်ဘာလ ၂၆ ရက်) ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ကြောင်း လေးဆူ ဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ အဖွဲ့ဝင် ဦးမြတ်စိုးထံမှ သိရပါတယ်။ လေးဆူဓာတ်ပျော် ရွှေဆံတော် စေတီတော် မြတ်၏ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဗုဒ္ဓပူဇနိယပွဲတော်ကို တန်ဆောင်မုန်းလဆန်း ၈ နံနက်ပိုင်းတွင် ဘုရားအနေ ကဇာတင် ပူဇော်ပွဲ၊ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲနှင့် သံဃာတော်အရှင်သူမြတ် ၁၀၉ ပါးတို့အား ဆွမ်းဆန်တော် လောင်းလှူပွဲတို့ကို ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ၊ ဆွမ်းတော်ကြီးတင်အနေကဇာ တင်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကို တန်ဆောင်မုန်းလဆန်း ၈ ရက်မှာ ကျင်းပမှာ ဖြစ်ပြီး စေတီတော်ကြီးရင်ပြင်ရှိ မြတ်စွယ်တော်တိုက်မှာ တစ်နှစ်တာ ကိန်းဝပ်နေတဲ့ ဗုဒ္ဓမြတ်စွယ်တော်လှည့်လည်အပူဇော်ခံပွဲကို တန်ဆောင်မုန်းလဆန်း ၁၁ ရက်မှာ ရင်ပြင်တော် ပေါ်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်မှာတော့ ရင်ပြင်တော်မှာ အပူဇော်ခံနေတဲ့ မြတ်စွယ်တော် ကို ပြန်လည်ပင့်ဆောင်မှာဖြစ်ပါ တယ်။ မြတ်စွယ်တော်ရင်ပြင်တော်မှာ အပူဇော်ခံနေတဲ့ကာလ ရက်မှာ တန်ဆောင်တိုင်မီးပူဇော်ပွဲကိုလဲ ထည့်သွင်းကျင်းပသွားမှာ ဖြစ်ကြောင်း ဂေါပကအဖွဲ့ဝင် ဦးမြတ်စိုးက ပြောကြားခဲ့ပါတယ်။ (NVS 004)

27 Oct

ADVERTISE HERE .