ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင် သီတင်းကျွတ်မီးထွန်းပွဲတော်တွင် လာရောက်လည်ပတ်သူ ပြည်သူများဖြင့် အထူးစည်ကား
27 Oct
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်၌ ကျင်းပလျက်ရှိသည့် သီတင်းကျွတ် မီးထွန်းပွဲတော် နှင့် MSME ဈေးရောင်းပွဲတော်၌ လာရောက်လည်ပတ်ပါဝင်ဆင်နွှဲကြသူများနဲ့ အထူးစည်ကားလျက်ရှိကြောင်း သိရ ပါတယ်။ သီတင်းကျွတ်ပွဲတော်အတွင်း အလှဆင်ထားသော မီးဆိုင်းရောင်စုံများနဲ့ လှပစွာ မီးထွန်းညှိ ပူဇော်ထား ရှိပြီး တေးသံရှင်များ၏ဂီတဖျော်ဖြေပွဲများ၊ အကပဒေသာများနှင့် အခြားသော ပျော်ပွဲရွှင်ပွဲအစီအစဉ်များကို ပါဝင် ကျင်းပခဲ့ပါတယ်။ အဆိုပါ သီတင်းကျွတ် MSME ဈေးရောင်းပွဲတော်ကို အောက်တိုဘာ ၂၄ ရက်မှ ၂၇ ရက်အထိ လေးရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး သီတင်းကျွတ်လပြည့်နေ့တွင် မီးပုံးပျံလွှတ်တင်ခြင်းနှင့် မီးရှူးမီးပန်းပစ်လွှတ်ခြင်း အစီအစဉ်များလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)
27 Oct