အာယိုရှကီဒေသ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ယူကရိန်းဘက်ကလိုက်နာရန် ရုရှားမျှော်လင့်

27 Oct

ရုရှားနိုင်ငံ ခါဆွန်ဒေသရှိ အာယိုရှကီမြို့၌ လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများလုပ်ဆောင်နိုင်ရန် ရရှိ ထားသော အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်များကို ယူကရိန်းဘက်ကလိုက်နာမည်ဟု မျှော်လင့်ကြောင်း ရုရှားသမ္မတရုံးမှပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က အောက်တိုဘာလ ၂၆ ရက်တွင် ပြောသည်။ အမေရိကန်ညှိနှိုင်းရေးအဖွဲ့က တိုက်ရိုက်ပါဝင်ကူညီမှုဖြင့်ရရှိထားသည့် ထိုသဘောတူညီချက်များကို ယူကရိန်း ဘက်က အပြည့်အဝလိုက်နာသင့်ကြောင်း ပက်စကော့က ပြောသည်။ အဆိုပါညှိနှိုင်းမှုများတွင် အမေရိကန် သမ္မတ၏ဇနီးမယ်လန်နီယာထရမ့်နှင့် ဆက်စပ်နေသည့် ညှိနှိုင်းရေး အစီအစဉ်ပါဝင်ကြောင်း ရုရှားဘက် က ဖော်ပြ ထားသည်။ အာယိုရှကီဒေသတွင် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီမှုရရှိခဲ့ခြင်းသည် အထူးစစ်ဆင်ရေး နယ်မြေအတွင်းရှိ အခြားဒေသများ၌လည်း အလားတူ သဘောတူညီချက်များရရှိနိုင်ရန် စံနမူနာတစ်ခုဖြစ်လာနိုင် ကြောင်း ပက်စကော့က ဆိုသည်။ တစ်ချိန်တည်းမှာပင် ရုရှားတပ်ဖွဲ့များသည် ယူကရိန်း၏စစ်ဘက်စက်မှု လုပ်ငန်း နှင့် ဆက်စပ်သည့်ပစ်မှတ်များကို ဆက်လက် တိုက်ခိုက်နေ ကြောင်းလည်း ၎င်းက ဆက်ပြောသည်။ ရုရှား၊ အမေရိကန်နှင့်ယူကရိန်းတို့ကြား သုံးနိုင်ငံဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ဆုံးဖြတ်ခြင်းသည် စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်မှုအပေါ်ကန့်သတ်ချက်များ ချမှတ်ထားခြင်းမဟုတ်ကြောင်းလည်း ပက်စကော့က ရှင်းလင်း ပြောထားသည်ဟု RT သတင်းဌာနဖော်ပြချက်အရသိရသည်။

27 Oct

ADVERTISE HERE .