“ပေါင်ဒဏ်ရာကြောင့် တစ်လနီးပါးခန့် အနားယူရဖွယ်ရှိတဲ့ ဒမ်ဘီလီ”
26 Oct
ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး ဒမ်ဘီလီ ပေါင်ဒဏ်ရာကြောင့် တစ်လနီးပါးခန့် အနားယူရဖွယ်ရှိကြောင်း သိရပါတယ်။ တိုက်စစ်မှူး ဒမ်ဘီလီ ဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ပီအက်စ်ဂျီအသင်းက ဘာစီလိုနာအသင်းကို လေးဂိုး၊ နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပါတယ်။ ဒမ်ဘီလီ ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်ခဲ့ရခြင်း ကြောင့် ပီအက်စ်ဂျီအသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ရပ်ဖြစ်လာခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူး ဒမ်ဘီလီ အနေနဲ့ ပီအက်စ်ဂျီအသင်းနှင့်အတူ ၂ဝ၂၃-၂ဝ၂၄ မှ လက်ရှိ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၁၄၅ ပွဲကစာ ပြီး ၆၅ ဂိုး သွင်းယူကာ ခြေစွမ်းပြထားနိုင်ခဲ့ပါတယ်။(NVS 008)
26 Oct