“ရိုသာဟမ်အသင်းက ဘရန်ဒန်ဝီလျံစ် ကိုခေါ်ယူ”
26 Oct
လိဂ်(၂)ကလပ် ရိုသာဟမ်အသင်းက မန်ယူအသင်း နောက်ခံကစားသမား ဘရန်ဒန်ဝီလျံစ် ကို ခေါ်ယူခဲ့ ကြောင်း အတည်ပြုထုတ်ပြန် ကြေညာခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် ဘရန်ဒန်ဝီလျံစ် က ရိုသာဟမ်အသင်းနှင့် ကာလတိုစာချုပ် ချုပ်ဆိုခဲ့ပြီး ကျောနံပါတ် ၃၃ ဂျာစီကို ဝတ်ဆင်ကစားသွားမှာ ဖြစ်ပါတယ်။ နောက်ခံကစားသမား ဘရန်ဒန်ဝီလျံစ် ဟာ ကစားသမားဘဝတစ်လျှောက် မန်ယူ၊ နော့ဝှစ်ချ်၊ အစ်ဆွစ်ချ်၊ ဟားလ်စီးတီး စတဲ့ ကလပ်အသင်းများတွင် ကစားခဲ့ပြီး အတွေ့အကြုံရှိသူတစ်ဦးဖြစ်လို့ ရိုသာဟမ်အသင်းက ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)
26 Oct