“မာနယ်ကပ် နှင့် ချန်ပီယံခါးပတ်ကာကွယ်ပွဲစဉ်အဖြစ် ထိုးသတ်ရမည့် ဂျိုရှုအာဗန်”
26 Oct
ဂျိုရှုအာဗန် အနေနဲ့ UFC ကမ္ဘာ့ဖလိုင်းဝိတ်တန်း တတိယမြောက် ချန်ပီယံခါးပတ် ကာကွယ်ပွဲစဉ်အဖြစ် ပေါ်တူဂီဖိုက်တာ မာနယ်ကပ် နှင့် ထိုးသတ်ရမည်ဖြစ်ကြောင်း UFC အဖွဲ့ချုပ်က ကြေညာခဲ့ပါတယ်။ အဆိုပါပွဲစဉ်ကို လာမည့် ၂၀၂၇ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်တွင် ကျင်းပမည့် UFC 336 ပြိုင်ပွဲတွင် ထည့်သွင်း ကျင်းပရန် အဖွဲ့ချုပ်က စီစဉ်ထားခြင်းဖြစ်ပါတယ်။ အစောပိုင်းမှာ UFC အဖွဲ့ချုပ်က UFC 336 ပြိုင်ပွဲတွင် အဓိက တွဲဆိုင်းအဖြစ် ရုရှားဖိုက်တာ မာကာချက် နှင့် အမေရိကန်ဖိုက်တာ ပရာတက် တို့ရဲ့ UFC ဝယ်သာဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲစဉ် ထည့်သွင်းကျင်းပရန် စီစဉ်ထားသော်လည်း မာကာချက် ရဲ့ ကြံ့ခိုင်မှုပိုင်းအရ အသင့် မဖြစ်သေးလို့ လာမည့်ဇန်ဝါရီလအတွင်း ထိုးသတ်ရန် အပြောင်းအလဲ လုပ်ဆောင်ခဲ့တာကြောင့် ဂျိုရှုအာဗန် နဲ့ မာနယ်ကပ် တို့ပွဲစဉ်က အဓိကတွဲဆိုင်းအဖြစ်ကျင်းပရန် ကြေညာခဲ့ခြင်းဖြစ်ပါတယ်။ မာနယ်ကပ် အနေနဲ့ နောက်ဆုံးထိုးသတ်ခဲ့သည့် ပွဲစဉ်အဖြစ် ပြီးခဲ့တဲ့ဇွန်လက ဂျပန်ဖိုက်တာ ဟိုရီဂူချီ နှင့် ပွဲစဉ်တွင် အနိုင်ရရှိခဲ့ပြီးနောက် ဖလိုင်းဝိတ်တန်းတွင် အဆင့်(၁)အဖြစ် ရပ်တည်ခဲ့ကာ ချန်ပီယံခါးပတ်အတွက် စိန်ခေါ် ခွင့်ရရှိခဲ့ပြီး UFC အဖွဲ့ချုပ်ကလည်း UFC 336 ပြိုင်ပွဲတွင် မာနယ်ကပ် ကို ဂျိုရှုအာဗန် နှင့်ထိုးသတ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်ပါတယ်။(NVS 008)