“၂၀၁၆ ခုနှစ်နောက်ပိုင်း မန်စီးတီးအသင်းကို သုံးပွဲဆက်အနိုင်ရသည့် ပရီးမီးယားလိဂ်အသင်းအဖြစ် အေဗီလာ အသင်းရပ်တည်”

26 Oct

အေဗီလာအသင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၈)အဖြစ် အောက်တိုဘာလ ၂၄ ရက်က ကစားခဲ့သည့် မန်စီးတီးအသင်းနှင့်ပွဲစဉ်တွင် အနိုင်ရခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်နောက်ပိုင်း မန်စီးတီးအသင်းကို သုံးပွဲဆက်အနိုင် ရသည့် အသင်းအဖြစ်ရပ်တည်ခဲ့ကြောင်း 365 Scores သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အဆိုပါပွဲစဉ်တွင် အေဗီလာအသင်းက မန်စီးတီးအသင်းကို နှစ်ဂိုး၊တစ်ဂိုးဖြင့်အနိုင်ရပြီး အေဗီလာအသင်း အတွက် သွင်းဂိုးများကို ပွဲချိန် ခြောက်မိနစ်နှင့် မိနစ် ၆၀ တို့တွင် ဂျက်ဆင် ကသွင်းယူခဲ့ပြီး မန်စီးတီးအသင်းအတွက် သွင်းဂိုးကို ပွဲချိန် ၅၂ မိနစ်တွင် ဟာလန်း က သွင်းယူခဲ့ပါတယ်။ မန်စီးတီးအသင်းအနေနဲ့ ၂၀၁၆ ခုနှစ်မှာ နည်းပြဟောင်း ဂွာဒီယိုလာ တာဝန်ယူကိုင်တွယ်ခဲ့သည့် အချိန်မှ စတင်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အသင်းတစ်သင်းတည်းကို သုံးပွဲဆက်ရှုံးနိမ့်ခြင်းမရှိခဲ့ဘဲ ယခုအခါမှသာ အေဗီလာ အသင်းကို ပရီးမီးယားလိဂ်သုံးပွဲဆက် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)

26 Oct

ADVERTISE HERE .