“ဘိုင်ယန်မြူးနစ်အသင်း နည်းပြကွန်ပနီ ကာလရှည်အနားယူရနိုင်”

26 Oct

ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကွန်ပနီ ဟာ လေ့ကျင့်ရေးကွင်းအတွင်း ရုတ်တရက် သတိလစ်မေ့မြော ခဲ့ပြီးနောက် ဆေးရုံတက်ရောက် ကုသမှုခံယူနေရသည့်အတွက် ကာလရှည်အနားယူရနိုင်ကြောင်း အသင်းအားကစား ဒါရိုက်တာ မက်စ်အီဘဲလ် ကပြောခဲ့ပါတယ်။ ကွန်ပနီ အနေနဲ့ အာဆင်နယ်အသင်းနှင့်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ မတိုင်မီကလည်း အနည်းငယ်မူးဝေမှု ကြောင့် ဆေးကုသမှုခံယူခဲ့ရပြီး ယခုအခါ အသင်းလေ့ကျင့်ရေးကွင်း၌ ရုတ်တရက်မူးလဲပြီး သတိလစ်ခဲ့လို့ အရေးပေါ် ဆေးရုံတက်ရောက် ကုသမှုခံယူခဲ့ရခြင်းဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်း အားကစားဒါရိုက်တာ မက်စ်အီဘဲလ် က နည်းပြ ကွန်ပနီ အနေနဲ့ လက်ရှိမှာ အသက် အန္တရာယ်မရှိတော့ဘဲ ပြန်လည်တည်ငြိမ်နေကြောင်းနဲ့ အနားယူတော့လိုအပ်တယ်လို့ ဆေးရုံကအကြောင်းကြား ခဲ့ကြောင်းနဲ့ အနားယူရမည့်ကာလကိုလည်း မသိရသေးကြောင်း ပြောကြားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက နည်းပြ ကွန်ပနီ ဆေးရုံတက်ရောက်ပြီး အနားယူနေရသည့်ကာလတွင် ယာယီ နည်းပြအဖြစ် လက်ထောက်နည်းပြ အာရွန် ကို တာဝန်ပေးအပ်ထားကြောင်း သိရပါတယ်။(NVS 008)

26 Oct

ADVERTISE HERE .