“၂၀၂၆-၂-၂၇ ခုနှစ်တွင် လဂွမ်းပြင်ဆည်ရေသောက်ဧရိယာအတွင်း နွေစပါးလျာထား ၄,၈၅၂ ဧကနှင့် အခြားသီးနှံ ၅၂၆ ဧက စုစုပေါင်း ၅,၃၇၈ ဧကကို စိုက်ပျိုးရေပေးဝေနိုင်ရေးစီစဉ်ထားရှိ”

26 Oct

၂၀၂၆-၂-၂၇ ခုနှစ်တွင် လဂွမ်းပြင်ဆည်ရေသောက်ဧရိယာအတွင်းရှိ နွေစပါးလျာထား ၄,၈၅၂ ဧကနှင့် အခြား သီးနှံ ၅၂၆ ဧက စုစုပေါင်း ၅,၃၇၈ ဧကကို စိုက်ပျိုးရေပေးဝေနိုင်ရေး စီစဉ်ထားရှိကြောင်း ဆည်မြောင်းဦးစီးဌာနမှ သိရပါတယ်။ ယခုနှစ် အယ်လ်နီညိုဖြစ်စဉ်ကြောင့် နွေစပါးစိုက်ပျိုးရာသီကာလ စိုက်ပျိုးရေနှင့် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၏ လဂွမ်းပြင်ရေသန့်စက်ရုံသို့ သောက်သုံးရေ လုံ‌လောက်စွာပေးဝေနိုင်ရန် လဂွမ်းပြင် ရေလှောင်တမံအတွင်း သိုလှောင်ရေကို နှစ်စဉ်စုဆောင်သည့် ကန်ရေပြည့်ပမာဏ ဧက ၁၄၈,၈၀၀ ထက် ဧကပေ ၇,၆၅၀ ပိုမိုသိုလှောင်ထားရှိရန် ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် ရေပိုလွှဲတွင် သဲအိတ်များဖြင့် နှစ်ပေခန့် ဆင့်ပိတ်ထားခြင်းကို စီမံဆောင်ရွက်ထားရှိရာ အောက်တိုဘာလ ၂၃ ရက်တွင် တမံအတွင်း ဧကပေ ၁၅၂,၈၅၀ သိုလှောင်ထားရှိပြီး ဖြစ်ပါတယ်။ ၂၀၂၆-၂၀၂၇ ခုနှစ်တွင် လဂွမ်းပြင်ဆည်ရေသောက်ဧရိယာအတွင်းရှိ နွေစပါးနှင့် အခြားသီးနှံ စုစုပေါင်း ၅,၃၇၈ ဧကကို စိုက်ပျိုးရေပေးဝေနိုင်ရန် ဆောင်ရွက်ထားရှိတာဖြစ်ပါတယ်။ အခုလိုဆောင်ရွက်ထားရှိမှုအား အောက်တိုဘာလ ၂၅ ရက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က တာဝန်ရှိသူများနှင့်အတူ သွားရောက်စစ်ဆေး ကြည့်ရှု ခဲ့ကြောင်း သိရပါတယ်။(NVS 008)

26 Oct

ADVERTISE HERE .