“ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ”
26 Oct
ဘယ်လာရုစ်သမ္မတနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ မစ္စစ် နာတာလျာ ကိုချန်နိုဗာ ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံသို့ သွားရောက်ခဲ့သော ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာလ ၂၄ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် လေကြောင်းခရီးဖြင့် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့မှ ပြန်လည်ထွက်ခွာခဲ့ရာ ညပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော်နာယကနှင့်အဖွဲ့ကို ဘယ်လာရုစ်သမ္မတနိုင်ငံ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Igor Brylevichi အမျိုးသားလွှတ်တော် နိုင်ငံတကာရေးရာနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အမြဲတမ်းကော်မရှင် ဥက္ကဋ္ဌ Mr.Sergei ALEINK နှင့် ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမောင်မောင်စိုး နှင့် တာဝန် ရှိသူများက မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရင်းရင်းနှီးနှီး ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါတယ်။ ညပိုင်းတွင် ပြည်ထောင်စုလွှတ်တော်နာယကနှင့်အဖွဲ့သည် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြရာ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် အမျိုး သားလွှတ်တော်ရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရပါတယ်။(NVS 008)