“ပြင်သစ်နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲများအတွင်း လူ ၁,၃၁၄ ဦးအဖမ်းခံရ ရဲတပ်ဖွဲ့ဝင် ၅၃ ဦး ဒဏ်ရာရ”

26 Oct

ပြင်သစ်နိုင်ငံတစ်ဝန်း လူနေမှုစရိတ်မြင့် တက်လာမှုကိုဆန့်ကျင်သည့် ဆန္ဒပြပွဲများအတွင်း ရဲတပ်ဖွဲ့က လူ ၁,၃၁၄ ဦးကို ဖမ်းဆီးပြီး ပဋိပက္ခများကြောင့် ရဲတပ်ဖွဲ့ဝင် ၅၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက အောက်တိုဘာလ ၂၅ ရက်တွင် ပြောသည်။ အောက်တိုဘာလ ၂၄ ရက်တွင် နိုင်ငံတစ်ဝန်းရှိမြို့ကြီးများတွင် လူအများအပြားပါဝင်သည့် ဆန္ဒပြချီတက် ပွဲများ ပြုလုပ်ခဲ့ကြပြီး အချို့နေရာများတွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ကြား ပဋိပက္ခများဖြစ်ပွားသည်။ ယင်းသည် ပြင်သစ်နိုင်ငံတွင် သီတင်းပတ်နှစ်ပတ်ဆက်တိုက်အဖြစ် ဆန္ဒပြမှုများနှင့် မငြိမ်မသက်မှုများ ဖြစ်ပွားခြင်းလည်းဖြစ် သည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဆန္ဒပြပွဲများအတွင်း မီးလောင်မှုများကို တုံ့ပြန်ငြှိမ်းသတ်ရန် ၇၅ ကြိမ်ဆောင်ရွက်ရပြီး ဆိုင်ခန်းနှင့်စီးပွားရေးလုပ်ငန်း ၂၄ ခု လုယက်ခံရသည်ဟုသိရသည်။ အဆိုပါ ဖြစ်ရပ်များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်။ အောက်တိုဘာလ ၂၄ ရက် ညပိုင်းတွင် တူးလူးမြို့နှင့် ကလဲမွန်ဖဲရန်မြို့တို့၌ ဆန္ဒပြသူနှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး လော်ရန်နူနန့် က ပြောသည်ဟု သိရသည်။

26 Oct

ADVERTISE HERE .