“ခြေထောက်ကြွက်သားဒဏ်ရာကြောင့် ရက်သတ္တခြောက်ပတ်ခန့် အနားယူရမည့် လူးဝစ်ဒီယက်”
25 Oct
ဘိုင်ယန်မြူးနစ်အသင်း တောင်ပံတိုက်စစ်ကစားသမား လူးဝစ်ဒီယက် ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ ပွဲစဉ်(၃)အဖြစ် ကစားခဲ့တဲ့ အာဆင်နယ်အသင်းနှင့်ပွဲစဉ်တွင် ရရှိခဲ့သည့် ခြေထောက်ကြွက်သားဒဏ်ရာကြောင့် ရက်သတ္တခြောက်ပတ် ခန့် အနားယူရမည်ဖြစ်ကြောင်း သိရပါတယ်။ အာဆင်နယ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ကစားခဲ့တဲ့ ပွဲစဉ်၌ ပွဲချိန် ၆၈ မိနစ်တွင် လူစားဝင်ပါဝင်ကစားခဲ့ သော်လည်း ပွဲချိန်မိနစ် ၉၀ တွင် ခြေထောက်ကြွက်သားဒဏ်ရာ ရရှိပြီးနောက် ဆက်လက်ကစားနိုင်ခြင်းမရှိဘဲ လူစားလဲခဲ့ရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကွန်ပနီ က ဒီယက် အနေနဲ့ အနည်းဆုံးခြောက်ပတ်လောက် အနားယူရမှာ ဖြစ်ပြီး ဒဏ်ရာက ထင်ထားတာထက်ပြင်းထန်နေလို့ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝဖို့ စောင့်ဆိုင်းရမှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဒီယက် အနေနဲ့ ရက်သတ္တခြောက်ပတ်ခန့် အနားယူရမှာဖြစ်လို့ ဘွန်ဒက်စ်လီဂါပွဲစဉ်များဖြစ်တဲ့ ဖရိုင်းဘတ်၊ ဒေါ့မွန်၊ မိန့်ဇ်၊ ဂျာမန်ပိုကယ်ဖလားပွဲစဉ်ဖြစ်တဲ့ မက်ဒီဘတ်၊ ချန်ပီယံလိဂ်ဖလားပွဲစဉ်ဖြစ်သည့် အက်သလက်တီကို အသင်းတို့နှင့်ပွဲစဉ်များကို လွဲချော်ရမှာဖြစ်ပါတယ်။(NVS 008)