“ပထမဆုံး အမျိုးသမီးကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်နိုင်ငံ၌ ကျင်းပမည်”
25 Oct
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ပထမဆုံးအကြိမ်ကျင်းပမည့် အမျိုးသမီးကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်နိုင်ငံ၌ ကျင်းပမည်ဟု အတည်ပြုကြေညာခဲ့ကြောင်း သိရပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က အမျိုးသားကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခဲ့သည်မှာ နှစ်ပေါင်းအတန်ကြာ ခဲ့ပြီဖြစ်သော်လည်း အမျိုးသမီးကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၂၈ ခုနှစ်တွင် ပထမဆုံးအကြိမ်ကျင်းပရန် စီစဉ်ထား ခြင်းဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ပထမဆုံးအကြိမ်အဖြစ် ပုံစံပြောင်းလဲကျင်းပခဲ့သည့် ၂၀၂၅ အမျိုးသား ကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း အမေရိကန်နိုင်ငံ၌ ကျင်းပခဲ့ပြီး ချယ်လ်ဆီးအသင်းက ချန်ပီယံဆုဖလား ဆွတ်ခူး နိုင်ခဲ့ကာ ယခုအခါ အမျိုးသမီးပြိုင်ပွဲကိုလည်း အမေရိကန်နိုင်ငံ၌ ကျင်းပရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က အမျိုးသမီးကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၁၉ သင်းဖြင့် ကျင်းပရန် စီစဉ် ထားပြီး ၂၀၂၈ ခုနှစ် ဇန်နဝါရီလ ၅ ရက်မှ ၃၀ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။ လက်ရှိတွင် အမျိုးသမီးကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရရှိထားသည့် အသင်းများမှာ အာဆင်နယ်၊ ဘာစီလိုနာ၊ ဂိုသမ်၊ ကလပ်အမေရိက၊ ကိုရင်သီယန်၊ နာဂိုယောင်း၊ ဝူဟန်ဂျန်ဒါအသင်းတို့ဖြစ်ပြီး ပြိုင်ပွဲကို ဥရောပမှ ခြောက်သင်း၊ အာရှ၊ အာဖရိက၊ ကွန်ကာကပ်ဖ်၊ တောင်အမေရိကဇုန်တို့မှ သုံးသင်းစီနှင့် သမုဒ္ဒရာပိုင်းဇုန်မှ တစ်သင်း ပါဝင်မှာဖြစ်ပါတယ်။(NVS 008)