“ဘာစီလိုနာအသင်းက ကမ္ဘာ့အကောင်းဆုံးကစားသမား ဆုပေးပွဲအခမ်းအနားကို မတက်ရောက်ဘဲ ဆန့်ကျင်ရန် ပြင်ဆင်”

25 Oct

ဘာစီလိုနာအသင်းမှ အဓိကလူငယ်ကစားသမား လမိုင်းယာမယ် အနေနဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု အတွက် ထိပ်ဆုံးနှစ်ဦးစာရင်းတွင် မပါဝင်ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ကမ္ဘာ့အကောင်းဆုံးကစားသမား ဆုပေးပွဲအခမ်းအနားကို အသင်းတာဝန်ရှိသူများနှင့် ကစားသမားများ တစ်ဦးမျှတက်ရောက်ခြင်း မပြုလုပ်ဘဲ ဆန့်ကျင်ရန် ပြင်ဆင်နေကြောင်း 365 Scores သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အစောပိုင်းက ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအတွက် ရေပန်းစားမှုတွင် လမိုင်းယာမယ် က ရီးရဲလ် မက်ဒရစ်အသင်းမှ အမ်ဘတ်ပီ၊ ဘိုင်ယန်မြူးနစ်အသင်းမှ ဟယ်ရီကိန်း တို့နှင့်အတူ ပူးတွဲရပ်တည်နေသော်လည်း ပြင်သစ်မဂ္ဂဇင်းက ထိပ်ဆုံးနှစ်ဦးစာရင်းတွင် လမိုင်းယာမယ်ပါဝင်ခြင်းမရှိဟု ဘာစီလိုနာအသင်းထံ အကြောင်းကြားခဲ့ ကြောင်း သတင်းများထွက်ပေါ်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းကလည်း လမိုင်းယာမယ် က ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုနှင့် ထိုက်တန်သော် လည်း ထိပ်ဆုံးနှစ်ဦးစာရင်းတွင် ပါဝင်ခြင်းမရှိတဲ့အတွက် ဆုပေးပွဲအခမ်းအနားကို မတက်ရောက်ဘဲ ဆန့်ကျင်ရန် ပြင်ဆင်နေခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာကျင်းပခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမား ဆုပေးပွဲအခမ်းအနားတွင်လည်း ရီးရဲလ်မက်ဒရစ် အသင်းက အမ်ဘတ်ပီ ဆုရရှိခြင်းမရှိကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ဆုပေးပွဲအခမ်းအနားကို တစ်ဦးမျှ မတက်ရောက်ခဲ့ဘဲ ဆန့်ကျင်မှုများလုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။(NVS 008)

25 Oct

ADVERTISE HERE .