“ဖလာမင်ဂိုအသင်းက အယ်လစ်ဆန်ဘက်ကာ ကို ခေါ်ယူရန်စီစဉ်”

25 Oct

ဘရာဇီးကလပ် ဖလာမင်ဂိုအသင်းက လီဗာပူးလ်အသင်းဂိုးသမား အယ်လစ်ဆန်ဘက်ကာ ကို ခေါ်ယူရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။ အသက် ၃၄ နှစ်အရွယ် ဂိုးသမား အယ်လစ်ဆန် ဟာ လီဗာပူးလ်အသင်းနှင့်အတူ ၂၀၁၈-၂၀၁၉ မှ လက်ရှိ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၃၄၃ ပွဲ ကစားပြီး လက်စွမ်းပြနိုင်ခဲ့ခြင်းကြောင့် ဖလာမင်ဂိုအသင်းက ခေါ်ယူရန် စီစဉ်လာခြင်းဖြစ်ပါတယ်။ ဂိုးသမား အယ်လစ်ဆန် ကိုယ်တိုင်ကလည်း လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ အသင်းမှထွက်ခွာဖွယ်ရှိကြောင်း သိရပါတယ်။ (NVS 008)

25 Oct

ADVERTISE HERE .