“ပရော်ပက်ရှင်နယ်ကစားသမားဘဝ သွင်းဂိုး ၉၈၂ ဂိုးအထိရှိလာတဲ့ စီရော်နယ်လ်ဒို”
25 Oct
အယ်လ်နာဆာအသင်း တိုက်စစ်မှူး စီရော်နယ်လ်ဒို က ပရော်ဖက်ရှင်နယ်ကစားသမားဘဝတွင် သွင်းဂိုး ၉၈၂ ဂိုးအထိ ရှိလာခဲ့ပြီး ဂိုးပေါင်း ၁,ဝဝဝ ပြည့်မြောက်ရန် သွင်းဂိုး ၁၈ ဂိုးသာ လိုအပ်တော့ကြောင်း သိရပါတယ်။ အသက် ၄၁ နှစ်အရွယ် တိုက်စစ်မှူး စီရော်နယ်လ်ဒို အနေနဲ့ ကစားသမားဘဝတစ်လျှောက် စပို့တင်း လစ္စဘွန်း၊ မန်ယူ၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်၊ အယ်လ်နာဆာ၊ ပေါ်တူဂီလက်ရွေးစင်အသင်းတို့တွင် ကစားခဲ့ပြီး သွင်းဂိုး ၉၈၂ ဂိုးအထိ ရှိလာခဲ့ခြင်းဖြစ်ပါတယ်။ တိုက်စစ်မှူး စီရော်နယ်လ်ဒို ဟာ ယခုနှစ်ဘောလုံးရာသီတွင်လည်း အယ်လ်နာဆာအသင်းနှင့်အတူ ပြိုင်ပွဲစုံ ၁၁ ပွဲကစားပြီး ၆ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။(NVS 008)
25 Oct