“မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့ မဟာဗိမာန်တော်ကြီး ပြန်လည်ပြုပြင်မွမ်းမံ”
25 Octမန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေ ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီးအား ပြန်လည်ပြုပြင်မွမ်းမံရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။ အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုကို အောက်တိုဘာလ ၂၄ ရက် နံနက်ပိုင်းမှာ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဦးလင်းအောင်၊ နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်း၊ ဂေါပကအဖွဲ့ဝင်များနှင့် အတူ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးက သာသနာ့မဟာဗိမာန်တော်ကြီး ပြုပြင်မွမ်းမံမှုများဆောင်ရွက်ရာတွင် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများ၏ ဩဝါဒခံယူခဲ့ပြီးဖြစ်၍ ဆရာတော်ကြီးများ၏ ဩဝါဒနှင့်အညီ မူလပုံစံမပျက်ဘဲ ငလျင်ဒဏ် ၈ အဆင့် ခံနိုင်ရည်ကြံ့ခိုင်မှုရှိအောင် ဆောင်ရွက်ရန်နှင့် ဘုရားစေတီ၊ သာသနိကအဆောက်အအုံ ပြုပြင်ခြင်းဆိုင်ရာ SOP စံချိန် စံညွှန်းများနှင့်အညီဆောင်ရွက်ရန်၊ မူလအလှူရှင်ဖြစ်သော ထူးဆောက်လုပ်ရေးဖွံ့ဖြိုးမှု ကုမ္ပဏီလီမိတက်ကပင် ပြုပြင်ဆောင်ရွက်လျက်သောကြောင့် ကုသိုလ်တရားပွားများ ရပါပြောကြားခဲ့ပြီး ယနေ့အချိန်ထိ ၉၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးရာ ၂၀၂၆ ခုနှစ် နိုဝင်ဘာလအတွင်း အပြီးသတ် ဆောင်ရွက်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။(NVS 008)