“ဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း ပုစွန်မက်ထရစ်တန် ၄,၀၀၀ ကျော် ပြည်ပသို့တင်ပို့ထား”

25 Oct

လက်ရှိဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း ပြည်ပသို့ ပုစွန်တင်ပို့မှုအနေဖြင့် မက်ထရစ်တန် ၄,၀၀၀ ကျော် တင်ပို့ထားနိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။ ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်ကနေ စက်တင်ဘာလ ၃၀ ရက်အထိ ပုံမှန်ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် ၃,၉၇၀ ဒသမ ၂၁၂ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၂၉၁ သန်း၊ နယ်စပ်ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် ၂၆၄ ဒသမ ၉၄ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၆၉ သန်းရရှိသည့်အတွက် စုစုပေါင်းမက်ထရစ်တန် ၄၂၃၅ ဒသမ ၁၅၂ တန်တင်ပို့ပြီး အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၇၆ သန်းရရှိခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ ပုစွန်အပါအဝင် ငါးစသည့် ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စသည့် နိုင်ငံပေါင်း ၄၀ ကျော်သို့တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်မှုမှလည်း တိုက်ရိုက်တင်ပို့လျက်ရှိပါတယ်။ ယခုဘဏ္ဍာနှစ် ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှု စုစုပေါင်း မက်ထရစ်တန် ၁၆၁,၉၃၁ ဒသမ ၅၃၇ တန်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၇၈ ဒသမ ၈၂၆ သန်းရရှိထားကြောင်း သိရပါတယ်။(NVS 008)

25 Oct

ADVERTISE HERE .