“အီရန်နိုင်ငံအပေါ် စစ်ဆင်ရေးအသစ် ဆင်နွှဲနိုင်ကြောင်း ထရမ့် ခြိမ်းခြောက်”
25 Oct
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် အီရန်နိုင်ငံအပေါ် စစ်ဆင်ရေးသစ်တစ်ရပ် ထပ်မံဆင်နွှဲနိုင်ကြောင်း ခြိမ်းခြောက်ထားပြီး တစ်ချိန်တည်းမှာပင် အမေရိကန်သည် အရှေ့အလယ်ပိုင်းဒေသရှိ သံတမန်ဝန်ထမ်းများကို လျှော့ချခြင်းနှင့် စစ်စခန်းများမှ တပ်ဖွဲ့ဝင်များရွှေ့ပြောင်းခြင်းကို လုပ်ဆောင်နေကြောင်း သိရသည်။ အီရန်နိုင်ငံအနေဖြင့် အမေရိကန်၏တောင်းဆိုချက်များကို သဘောတူခြင်းမရှိပါက Epic Fury စစ်ဆင်ရေးကို နောက်တစ်ကြိမ်ဆင်နွှဲနိုင်ကြောင်း ဖလော်ရီဒါပြည်နယ်တွင်ကျင်းပသည့် မဲဆွယ်ပွဲ၌ ထရမ့် က ပြောသည်။ ယင်း စစ်ဆင်ရေးသည် ဖေဖော်ဝါရီလ ၂၈ ရက်တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ် စတင်တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးဖြစ်သည်။ ထရမ့် က ယခင်တိုက်ခိုက်မှုများကြောင့် အီရန်၏ နျူကလီးယားလောင်စာ သန့်စင်နိုင်စွမ်း ပျက်စီးသွားခဲ့ပြီး အီရန်ကို စစ်ရေး၊ ဘဏ္ဍာရေးနှင့် အခြားကဏ္ဍများတွင် အနိုင်ယူခဲ့ကြောင်းလည်း ထပ်မံပြောဆို သည်။ အမေရိကန်က မေလ ၅ ရက်တွင် Epic Fury စစ်ဆင်ရေးပြီးဆုံးကြောင်း တရားဝင်ကြေညာသော်လည်း ပဋိပက္ခဆက်လက်ဖြစ်ပွား နေသည်။