“ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်ဝင်ခွင့် လူတွေ့နှုတ်မေးစာမေးပွဲသို့ ဝင်ရောက် ဖြေဆိုခွင့် ရရှိသူများစာရင်း ကြေညာထားကြောင်း အသိပေးနှိုးဆော်”
24 Oct
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် များသို့ ဦးစားပေးလျှောက်ထားသူများအနက် ဝင်ခွင့်လူတွေ့နှုတ်မေးစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့်ရရှိသူများ စာရင်း နှင့် ခုံအမှတ်၊ ဖြေဆိုရမည့်နေ့ရက်နှင့်နေရာကို ကျန်းမာရေးဝန်ကြီးဌာန၏ Website www.moh.gov.mm)၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏ Website (www.hrh.gov.mm)၊ ဆေးတက္ကသိုလ်များနှင့် သွားဘက် ဆိုင်ရာဆေးတက္ကသိုလ်များ၊ အဆင့်မြင့်ပညာဦးစီးဌာနတို့တွင် ကြေညာထားရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိပါတယ်။ ၎င်းကြေညာချက်ပါ အချက်အလက်များကို သေချာစွာဖတ်ရှုပြီး သူနာပြုသိပ္ပံ(နေပြည်တော်)၌ ကျင်းပမည့် ဝင်ခွင့်လူတွေ့နှုတ်မေးစာမေးပွဲသို့ မိမိတို့ဖြေဆိုရမည့် သတ်မှတ်နေ့ရက်များအတိုင်း မပျက်မကွက်(မပျက်မကွက်) လာရောက်ဖြေဆိုရမည်ဖြစ်ကြောင်းနှင့် နံနက်ပိုင်းတွင် ဖြေဆိုရမည့်သူများအနေဖြင့် (၀၇:၃၀)နာရီအရောက် လာရောက်ရမည်ဖြစ်ပြီး နေ့လယ်ပိုင်းတွင် ဖြေဆိုရမည့်သူများအနေဖြင့် (၁၁:၃၀)နာရီ အရောက်လာရောက်ရမည်ဖြစ် ကြောင်း အသိပေးနှိုးဆော်ထားပါတယ်။ ဆေးတက္ကသိုလ်ဝင်ခွင့် ဖြေဆိုသူရမည့်သူများအနေနဲ့ နိုဝင်ဘာလ ၂ ရက်တွင် ခုံအမှတ်(၁)မှ (၅၈၀)အထိ၊ နိုဝင်ဘာလ ၃ ရက်တွင် ခုံအမှတ်(၅၈၁)မှ (၁၁၆၀)အထိ၊ နိုဝင်ဘာလ ၄ ရက်တွင် ခုံအမှတ်(၁၁၆၁)မှ (၁၄၇၂)အထိ ဖြစ်ပြီး သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်ဝင်ခွင့် ဖြေဆိုရမည့်သူများအနေနဲ့ နိုဝင်ဘာလ ၄ ရက်တွင် ခုံအမှတ်(၁)မှ (၂၂၇)အထိ ဖြေဆိုရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။(NVS 008)