“လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာနိုင်”

24 Oct

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့ အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)က ဆက်လက်တည်ရှိနေပြီး အောက်တိုဘာ ၂၄ ရက်(ယနေ့)တွင် ပိုမိုအားကောင်းလာနိုင်ပြီး မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားရှိပါတယ်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းက အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ အောက်တိုဘာ ၂၅ ရက်တွင် အားကောင်းသော မုန်တိုင်းငယ်အဖြစ် ပြောင်းလဲကာ အောက်တိုဘာ ၂၆ ရက်တွင် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းသို့ ရောက်ရှိနိုင်ပြီး ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ကြောင်းနှင့် အောက်တိုဘာ ၂၇ ရက်တွင် အိန္ဒိယနိုင်ငံ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းနှင့် ဆက်စပ်လျက်ရှိသော ဩရိဿပြည်နယ်တောင်ပိုင်း ကမ်းခြေ တို့ထံ ဆက်လက်ရွေ့လျားနိုင်ကြောင်း ခန့်မှန်းထားရှိပါတယ်။(NVS 008)

24 Oct

ADVERTISE HERE .