“နှစ်နိုင်ငံ ဆက်ဆံရေးအဆင့်ကို မဟာဗျူဟာမြောက် ဆက်ဆံရေးအဆင့်သို့ ကနေဒါနှင့် တူကီယဲမြှင့်တင်”

24 Oct

မြောက်အတ္တလန္တိတ်စာချုပ်(နေတိုး)အဖွဲ့ဝင် မဟာမိတ်များဖြစ်ကြသည့် ကနေဒါနိုင်ငံနှင့် တူကီယဲနိုင်ငံ တို့သည် နှစ်နိုင်ငံဆက်ဆံရေးအဆင့်ကို မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ မြှင့်တင်ခဲ့သည်ဟု အောက်တိုဘာလ ၂၂ ရက်သတင်းများတွင် ရေးသားတင်ပြထားကြောင်း Xinhua သတင်းဌာနက ဖော်ပြထားသည်။ ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေး ၏ တူကီယဲခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးအဆင့်ကို မဟာ ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အဆင့်မြှင့်တင်ရန် ကနေဒါနှင့် တူကီယဲတို့က သဘောတူခဲ့ကြခြင်းဖြစ်သည်။ ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေး သည် အောက်တိုဘာလ ၂၂ ရက်တွင် သုံးရက်ကြာခရီးစဉ်အဖြစ် တူကီယဲနိုင်ငံ အင်ကာရာမြို့သို့ ရောက်ရှိခဲ့သည်။ အဆိုပါခရီးစဉ်သည် ကနေဒါဝန်ကြီးချုပ်တစ်ဦး၏ ပထမဆုံး တူကီယဲခရီးစဉ် ဖြစ်ကြောင်း ကနေဒါမီဒီယာများက သတင်းထုတ်ပြန်ထားသည်။ ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေး နှင့် တူကီယဲသမ္မတ အာဒိုဂန် တို့သည် အောက်တိုဘာလ ၂၂ ရက်တွင် အင်ကာရာမြို့ သမ္မတနန်းတော်၌ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။ နှစ်နိုင်ငံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်အရ ကနေဒါနှင့် တူကီယဲနိုင်ငံတို့သည် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကာကွယ်ရေး၊ လုံခြုံရေး၊ စွမ်းအင်ကဏ္ဍတို့၌ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်မည်ဖြစ်ကြောင်း သိရသည်။

24 Oct

ADVERTISE HERE .