“ယူကရိန်းစစ်ရေးပဋိပက္ခ ပြီးဆုံးရေး အနာဂတ်ဆွေးနွေးပွဲများ၌ ရုရှားနှင့် ယူကရိန်း နှစ်နိုင်ငံလုံခြုံရေးကို အဓိကထားဆွေးနွေးမည်ဟု သမ္မတ ပူတင် ပြောကြား”

24 Oct

ယူကရိန်းစစ်ရေးပဋိပက္ခ ပြီးဆုံးရေးအတွက် ကျင်းပမည့် အနာဂတ်ဆွေးနွေးပွဲများတွင် ရုရှားနှင့် ယူကရိန်း နှစ်နိုင်ငံလုံးအတွက် လုံခြုံရေးအာမခံချက်များပေးရေး၊ ဥရောပလုံခြုံရေးအတွက် မူဘောင်တစ်ရပ်ရယူရေးတို့ကို အဓိကထားဆွေးနွေးမည်ဟု ရုရှားသမ္မတ ပူတင် က အောက်တိုဘာလ ၂၂ ရက်တွင် ထုတ်ဖော်ပြောကြားထားကြောင်း RT သတင်းဌာနက ဖော်ပြထားသည်။ အမေရိကန် အထူးသံတမန် စတိဗ်ဝစ်ကော့ဖ် နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် တစ်ရက်အကြာတွင် ရုရှားသမ္မတ ပူတင် က ပြည်တွင်းရုပ်သံသတင်းဌာနတစ်ခုနှင့် တွေ့ဆုံစဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ လာမည့် နိုဝင်ဘာလအတွင်း ယူကရိန်းစစ်ရေးပဋိပက္ခ ပြီးဆုံးရေးအတွက် အမေရိကန်၊ ယူကရိန်းတို့နှင့် သုံးပွင့်ဆိုင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ကျင်းပမည်ဖြစ်ကြောင်း သမ္မတ ပူတင် က အတည်ပြုခဲ့သည်။ ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိခဲ့ပြီးနောက် ကျင်းပမည့်ဆွေးနွေးပွဲများတွင် ရုရှားနှင့် ယူကရိန်း နှစ်နိုင်ငံလုံး၏ လုံခြုံရေး အတွက် အဓိကထားဆွေးနွေးမည်ဟု သမ္မတ ပူတင် က ပြောကြားခဲ့ကြောင်း သိရသည်။

24 Oct

ADVERTISE HERE .