“WBC ကမ္ဘာ့ဝယ်သာဝိတ်တန်း ချန်ပီယံခါးပတ် ကာကွယ်ပွဲစဉ်အဖြစ် ဂါစီယာ က မေဝဲသာနှင့် ထိုးသတ်ရန် သဘောတူညီမှုရရှိ”

23 Oct

WBC ကမ္ဘာ့ဝယ်သာဝိတ်တန်း ချန်ပီယံခါးပတ် ကာကွယ်ပွဲစဉ်အဖြစ် အမေရိကန်လက်ဝှေ့သမားများဖြစ်သည့် လက်ရှိချန်ပီယံ ဂါစီယာ က မေဝဲသာ နှင့်ထိုးသတ်ရန် သဘောတူညီမှုရရှိထားကြောင်း Source of Boxing သတင်း ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ကမ္ဘာ့ထိပ်တန်း လက်ဝှေ့သမားတစ်ဦးဖြစ်သည့် မေဝဲသာ က ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝ ပွဲ ၅၀ ထိုးသတ်ခဲ့ရာ ပွဲစဉ်အားလုံး နိုင်ပွဲရယူခဲ့သူဖြစ်ပြီး ၂၀၁၇ ခုနှစ်က ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝ အနားယူခဲ့ သော်လည်း လက်ရှိတွင် လက်ဝှေ့လောကသို့ ပြန်လည်ဝင်ရောက်လာပြီးနောက် ဂါစီယာ က ချန်ပီယံခါးပတ် ကာကွယ်ပွဲစဉ်အဖြစ် ထိုးသတ်ရန်ဆွေးနွေးခဲ့ရာ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ပါတယ်။ ဂါစီယာ အနေနဲ့ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝတွင် ၂၆ ပွဲနိုင်၊ နှစ်ပွဲရှုံးရလဒ် ပိုင်ဆိုင်ထားသူဖြစ်ပြီး နောက်ဆုံးထိုးသတ်ခဲ့သည့် ပွဲစဉ်အဖြစ် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက် က WBC ကမ္ဘာ့ဝယ်သာဝိတ်တန်း ချန်ပီယံ ခါးပတ် ကာကွယ်ပွဲစဉ်အဖြစ် ဗြိတိန်လက်ဝှေ့သမား ကွန်နာဘင်း နှင့်ထိုးသတ်ခဲ့ရာ ဒုတိယအချီတွင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ဂါစီယာ က မေဝဲသာနှင့်ထိုးသတ်မည့် ပွဲစဉ်အတွက် သဘောတူညီမှုရရှိထားကြောင်း ပြောကြား ခဲ့သော်လည်း ထိုးသတ်မည့်နေရာနှင့် ရက်စွဲကို အတည်ပြုထားခြင်း မရှိသေးကြောင်း သိရပါတယ်။(NVS 008)

23 Oct

ADVERTISE HERE .