“စပိန်ဘုရင် ဖိလစ်ပီ-၆ ရဲ့ Princess of Asturias Award ဆုကို အင်တာမိုင်ယာမီအသင်းမှ မက်ဆီ ရရှိ”

23 Oct

စပိန်ဘုရင် ဖိလစ်ပီ-၆ က ပေးအပ်သည့် Princess of Asturias Award ဆုကို အင်တာမီယာမီအသင်း တိုက်စစ်မှူး မက်ဆီ က ရရှိခဲ့ကြောင်း TNT Football သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ Princess of Asturias Award ဆုကို စပိန်ဘုရင် ဖိလစ်ပီ-၆ တည်ထောင်ထားသည့် Princess of Asturias ဖောင်ဒေးရှင်းက ပေးအပ်ချီးမြှင့်ခြင်းဖြစ်ပြီး နိုင်ငံတကာအဆင့် ဂုဏ်သိက္ခာကြီးမားသည့် ဆုတစ်ခုဖြစ်ပါတယ်။ Princess of Asturias ဖောင်ဒေးရှင်းက အနုပညာ၊ စာပေ၊ သိပ္ပံ၊ လူမှုရေး၊ အားကစားစသည့် ကဏ္ဍများတွင် ထူးချွန် ထက်မြက်သည့် ပုဂ္ဂိုလ်များကို ရွေးချယ်ချီးမြှင့်ပေးအပ်ခြင်းဖြစ်ပါတယ်။ အားကစားကဏ္ဍရဲ့ Princess of Asturias Award ဆုကို အားကစားလောကတွင် ထူးချွန်စွာစွမ်းဆောင်နိုင်မှု၊ အောင်မြင်မှုကို ကာလရှည်ထိန်းသိမ်းနိုင်မှု၊ သက်ဆိုင်ရာအသင်းများအတွက် ပေးဆပ်ကစားနိုင်မှုတို့အပြင် လူမှု အကျိုးပြုလုပ်ငန်းများတွင်လည်း ပါဝင်လုပ်ဆောင်မှုများကို အခြေခံပြီး ရွေးချယ်ချီးမြှင့်ပေးအပ်ခြင်းဖြစ်ပါတယ်။ မက်ဆီ အနေနဲ့ ဘာစီလိုနာအသင်း၊ အာဂျင်တီးနားအသင်းတို့နှင့်အတူ ဆုဖလားများစွာ ဆွတ်ခူးနိုင်ခဲ့ပြီး အောင်မြင်မှုများကို ကာလရှည်ထိန်းသိမ်းနိုင်ခဲ့သည့်အပြင် ချို့တဲ့ကလေးငယ်များအတွက် ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍတို့တွင်လည်း တက်ကြွစွာလုပ်ဆောင်ခဲ့မှုများကြောင့် Princess of Asturias Award ဆုကို ချီးမြှင့်ခံခြင်း ဖြစ်ကြောင်း သိရပါတယ်။(NVS 008)

23 Oct

ADVERTISE HERE .