“ဖီကာယိုတိုမိုရီ ကို ခေါ်ယူရန် နယူးကာဆယ်အသင်း ကမ်းလှမ်း”

23 Oct

နယူးကာဆယ်အသင်းက အေစီမီလန်အသင်း နောက်ခံကစားသမား ဖီကာယိုတိုမိုရီ ကို ခေါ်ယူရန် ကမ်းလှမ်းခဲ့‌ကြောင်း သိရပါတယ်။ အသက် ၂၈ နှစ်အရွယ် နောက်ခံကစားသမား ဖီကာယိုတိုမိုရီ ဟာ အေစီမီလန်အသင်းနှင့်အတူ ၂၀၂၁-၂၀၂၂ မှ လက်ရှိဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၂၁၆ ပွဲကစားပြီး ၇ ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် နယူးကာဆယ် အသင်းက ခေါ်ယူရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပါတယ်။ ဖီကာယိုတိုမိုရီ ကလည်း လက်ရှိတွင် အေစီမီလန်အသင်းနှင့်ဆက်ဆံရေး အဆင်မပြေဖြစ်နေတာကြောင့် အသင်းမှထွက်ခွာလိုနေခြင်းဖြစ်ပါတယ်။(NVS 008)

23 Oct

ADVERTISE HERE .